ဂိဒေါင်၏သားအဘိမလက်သည်ရှေခင်မြို့ ရှိမိခင်ဘက်မှ ဆွေမျိုးအပေါင်းတို့ထံသို့ သွား၍မြို့သူမြို့သားတို့အား``သင်တို့သည် ဂိဒေါင်၏သားခုနစ်ဆယ်စလုံး၏အုပ်စိုး မှုကိုခံယူလိုကြပါသလော။ သို့တည်း မဟုတ်လူတစ်ဦးတည်း၏အုပ်စိုးမှုကို ခံယူလိုကြပါသလော။ အဘိမလက် သည်သင်တို့၏သွေးရင်းသားရင်းဖြစ် သည်ကိုမမေ့ပါနှင့်'' ဟုပြောကြားစေ၏။-