သူ​ကြီး 9:1-2-11 Common Language Bible (BCL)

1-2. ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​ရှေ​ခင်​မြို့ ရှိ​မိ​ခင်​ဘက်​မှ ဆွေ​မျိုး​အ​ပေါင်း​တို့​ထံ​သို့ သွား​၍​မြို့​သူ​မြို့​သား​တို့​အား``သင်​တို့​သည် ဂိ​ဒေါင်​၏​သား​ခု​နစ်​ဆယ်​စ​လုံး​၏​အုပ်​စိုး မှု​ကို​ခံ​ယူ​လို​ကြ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​တစ်​ဦး​တည်း​၏​အုပ်​စိုး​မှု​ကို ခံ​ယူ​လို​ကြ​ပါ​သ​လော။ အ​ဘိ​မ​လက် သည်​သင်​တို့​၏​သွေး​ရင်း​သား​ရင်း​ဖြစ် သည်​ကို​မ​မေ့​ပါ​နှင့်'' ဟု​ပြော​ကြား​စေ​၏။-

3. သူ့​မိ​ခင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​သည်​လည်း ရှေ​ခင်​မြို့​သား​များ​အား ဤ​အ​ကြောင်း​ကိစ္စ ကို​သူ​၏​ကိုယ်​စား​တင်​ပြ​ကြ​၏။ အ​ဘိ မ​လက်​သည်​မိ​မိ​တို့​နှင့်​ဆွေ​မျိုး​တော်​စပ် သူ​ဖြစ်​သ​ဖြင့် ရှေ​ခင်​မြို့​သား​များ​က​သူ ၏​နောက်​သို့​လိုက်​ရန်​ဆုံး​ဖြတ်​လိုက်​ကြ လေ​သည်။-

4. သူ​တို့​သည်​မိ​မိ​တို့​ပ​ဋိ​ညာဉ်​ပြု​ထား​သည့် ဗာ​လ​ဘု​ရား​၏​ဝတ်​ကျောင်း​မှ ငွေ​အ​ခွက် ခု​နစ်​ဆယ်​ကို​အ​ဘိ​မ​လက်​အား​ပေး​ကြ​၏။ ထို​ငွေ​ဖြင့်​သူ​သည်​အ​ခြေ​အ​နေ​မဲ့​သူ​လူ ခု​နစ်​ဆယ်​အား မိ​မိ​နောက်​သို့​လိုက်​ရန်​ငှား ရမ်း​ပြီး​လျှင်၊-

5. သြ​ဖ​ရ​မြို့​ရှိ​ဖ​ခင်​၏​အိမ်​သို့​သွား​၍​ဂိ​ဒေါင် ၏​သား​များ​ဖြစ်​ကြ​သော မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​တို့​ကို​ကျောက်​တုံး​တစ်​ခု​တည်း ပေါ်​၌​သတ်​လေ​သည်။ သို့​ရာ​တွင်​ဂိ​ဒေါင်​၏ သား​ထွေး​ယော​သံ​သည် ပုန်း​ရှောင်​နေ​သော ကြောင့်​အ​သက်​ဘေး​မှ​လွတ်​မြောက်​သွား​၏။-

6. ထို​နောက်​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​မှ မြို့​သား​အ​ပေါင်း​တို့​သည်​စု​ဝေး​လျက် ရှေ​ခင် မြို့​ရှိ​အ​ထိမ်း​အ​မှတ်​သ​ပိတ်​ပင်​သို့​သွား ရောက်​၍ အ​ဘိ​မ​လက်​အား​မင်း​မြှောက်​ကြ လေ​သည်။

7. ဤ​အ​ခြင်း​အ​ရာ​ကို​ယော​သံ​ကြား​သိ​သော အ​ခါ ဂေ​ရ​ဇိမ်​တောင်​ထိပ်​သို့​တက်​၍​ရပ်​ပြီး လျှင် အော်​ဟစ်​၍​ဤ​သို့​ဆို​၏။ ``အ​ချင်း​ရှေ​ခင် မြို့​သား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်​ဘု​ရား​သခင်​သည်​လည်း သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​ကောင်း​နား​ထောင် တော်​မူ​လိမ့်​မည်။-

8. အ​ခါ​တစ်​ပါး​က​သစ်​ပင်​တို့​သည်​မိ​မိ​တို့ အ​တွက် ဘု​ရင်​ရွေး​ချယ်​ရန်​ထွက်​သွား​ခဲ့​ကြ ၏။ သူ​တို့​သည်​သံ​လွင်​ပင်​အား`ငါ​တို့​အ​ပေါ် ၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပြော​ကြား​ကြ​၏။-

9. သံ​လွင်​ပင်​က`သင်​တို့​အား​အုပ်​စိုး​ရ​မည်​ဆို လျှင် ငါ​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​အ​သ​ရေ နှင့်​လူ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ပြု​စု​ပေး​ရာ ဖြစ်​သော ငါ​၏​အ​ဆီ​ကို​ထုတ်​ပေး​မှု​မှ ရပ်​စဲ​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။-

10. ထို​အ​ခါ​သစ်​ပင်​တို့​သည်​သင်္ဘော​သ​ဖန်း​ပင်​ထံ သို့​သွား​၍`ငါ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​တောင်း​ပန်​ကြ​၏။-

11. သို့​ရာ​တွင်​သင်္ဘော​သ​ဖန်း​ပင်​က`သင်​တို့​အား အုပ်​စိုး​နိုင်​ရန် ငါ​သည်​ကောင်း​၍​ချို​မြိန်​သော အ​သီး​များ​ကို​သီး​ပေး​ခြင်း​မှ​ရပ်​စဲ​ရ​ပေ လိမ့်​မည်' ဟု​ဆို​၏။-

သူ​ကြီး 9