သူ​ကြီး 8:8-16 Common Language Bible (BCL)

8. ထို​နောက်​သူ​သည်​ပေ​နွေ​လ​မြို့​သို့​သွား​၍ ရှေး​နည်း​တူ ထို​မြို့​သား​တို့​ထံ​မှ​အ​ကူ​အ​ညီ တောင်း​ခံ​သော်​လည်း ပေ​နွေ​လ​မြို့​သား​တို့​က သု​ကုတ်​မြို့​သား​တို့​နည်း​တူ​ပြန်​လည်​ဖြေ ကြား​ကြ​၏။-

9. ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့​အား``စစ်​ငြိမ်း​၍ ငါ​ပြန်​လာ​သော​အ​ခါ​၌ ဤ​ခံ​တပ်​မျှော်​စင် ကို​ဖျက်​ဆီး​ပစ်​အံ့'' ဟု​ဆို​လေ​သည်။

10. ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​သည် မိ​မိ​တို့​၏​တပ်​မ တော်​နှင့်​အ​တူ ကာ​ကော်​မြို့​၌​ရှိ​ကြ​၏။ သဲ​ကန္တာရ နေ​သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​အ​နက် လူ​တစ်​သိန်း​နှစ်​သောင်း​ကျ​ဆုံး​၍​တစ်​သောင်း ငါး​ထောင်​သာ​ကျန်​တော့​၏။-

11. ဂိ​ဒေါင်​သည်​နော​ဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အ​ရှေ့ ဘက်​သဲ​ကန္တာ​ရ​အ​စွန်​လမ်း​အ​တိုင်း​လိုက်​ပြီး လျှင် ထို​တပ်​မ​တော်​အား​ရုတ်​တ​ရက်​အ​မှတ် မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-

12. ထို​အ​ခါ​မိ​ဒျန်​ဘု​ရင်​နှစ်​ပါး​ဖြစ်​သော ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​သည်​ထွက်​ပြေး​ကြ​၏။ သို့​ရာ တွင်​ဂိ​ဒေါင်​သည်​သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​ရ မိ​သဖြင့် သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး မှာ​က​စဥ့်​က​ရဲ​ပြို​လဲ​၍​သွား​တော့​၏။

13. ဂိ​ဒေါင်​သည်​ဟေ​ရက်​တောင်​ကြား​လမ်း​ဖြင့် တိုက်​ပွဲ​မှ​ပြန်​လာ​သော​အ​ခါ၊-

14. သု​ကုတ်​မြို့​သား​လူ​ငယ်​တစ်​ဦး​ကို​ဖမ်း​ဆီး​၍ စစ်​ဆေး​မေး​မြန်း​ကြည့်​ရာ ထို​သူ​ငယ်​က​သု​ကုတ် မြို့​မှ​ခေါင်း​ဆောင်​ခု​နစ်​ဆယ့်​ခု​နစ်​ယောက်​တို့ ၏​အ​မည်​များ​ကို​ဂိဒေါင်​အား​ရေး​ပေး​၏။-

15. ထို​နောက်​ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သား​တို့​ထံ သွား​၍``ငါ့​အား​သင်​တို့​အ​ကူ​အ​ညီ​ပေး​ရန် ငြင်း​ဆို​ခဲ့​သည်​ကို​မှတ်​မိ​ကြ​လိမ့်​မည်။ သင် တို့​က​ငါ​သည်​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​ကို ဖမ်း​ဆီး​၍​မ​ရ​သေး​သ​ဖြင့် ငါ​၏​မော​ပန်း နွမ်း​နယ်​နေ​သည့်​တပ်​သား​တို့​အား​စား​နပ် ရိက္ခာ​မ​ပေး​နိုင်​ဟု​ဆို​ခဲ့​ကြ​၏'' ဟု​ပြော ဆို​ပြီး​လျှင်၊-

16. သဲ​ကန္တာရ​မှ​ဆူး​ခက်​များ​ကို​ယူ​၍ သု​ကုတ် မြို့​သား​ခေါင်း​ဆောင်​တို့​အား​ရိုက်​နှက်​လေ သည်။-

သူ​ကြီး 8