သူ​ကြီး 8:3-17 Common Language Bible (BCL)

3. သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​အား​ကွပ်​မျက်​နိုင်​ခဲ့ ကြ​လေ​ပြီ​တ​ကား။ ထို​အ​မှု​နှင့်​နှိုင်း​ယှဉ် လောက်​အောင်​ငါ​သည်​အ​ဘယ်​အ​မှု​ကို​ပြု နိုင်​ခဲ့​ပါ​သ​နည်း'' ဟု​ပြန်​ပြော​သော​စ​ကား ကို​ကြား​လျှင်​သူ​တို့​သည်​အ​မျက်​ပြေ ကြ​၏။

4. ထို​အ​ခါ​၌​ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​သုံး ရာ​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ​လာ ကာ​မြစ်​ကူး​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​သည် အ​လွန်​ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​ကြ​သော် လည်း​ရန်​သူ​အား​ဖိ​၍​လိုက်​လျက်​ပင်။-

5. ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သို့​ရောက်​သော အ​ခါ​ထို​မြို့​သား​တို့​အား``ငါ​၏​တပ်​သား တို့​ကို​အ​စား​အ​စာ​အ​နည်း​ငယ်​ပေး​ကြ ပါ။ သူ​တို့​သည်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ ကြ​ပါ​၏။ ငါ​သည်​မိ​ဒျန်​ဘု​ရင်​ဇေဘဟ​နှင့် ဇာ​လ​မုန္န​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ သည်'' ဟု​ဆို​၏။

6. သို့​ရာ​တွင်​သု​ကုတ်​မြို့​မှ​ခေါင်း​ဆောင်​များ က``ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သင်​၏​တပ် သား​များ​အား အ​စာ​ရေ​စာ​ပေး​ရ​ပါ​မည် နည်း။ ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​ကို​သင်​တို့ မ​ဖမ်း​မိ​သေး​ပါ​တ​ကား'' ဟု​ပြန်​ပြော ကြ​၏။

7. သို့​ဖြစ်​၍​ဂိ​ဒေါင်​က``ကောင်း​ပြီ၊ ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​အား ငါ​၏​လက်​သို့​ဘု​ရား​သ​ခင်​အပ်​တော်​မူ​သော​အ​ခါ ငါ​သည်​သင် တို့​ကို​သဲ​ကန္တာ​ရ​မှ​ဆူး​ပင်​များ​နှင့်​ရိုက် နှက်​မည်'' ဟု​ဆို​လေ​သည်။-

8. ထို​နောက်​သူ​သည်​ပေ​နွေ​လ​မြို့​သို့​သွား​၍ ရှေး​နည်း​တူ ထို​မြို့​သား​တို့​ထံ​မှ​အ​ကူ​အ​ညီ တောင်း​ခံ​သော်​လည်း ပေ​နွေ​လ​မြို့​သား​တို့​က သု​ကုတ်​မြို့​သား​တို့​နည်း​တူ​ပြန်​လည်​ဖြေ ကြား​ကြ​၏။-

9. ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့​အား``စစ်​ငြိမ်း​၍ ငါ​ပြန်​လာ​သော​အ​ခါ​၌ ဤ​ခံ​တပ်​မျှော်​စင် ကို​ဖျက်​ဆီး​ပစ်​အံ့'' ဟု​ဆို​လေ​သည်။

10. ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​သည် မိ​မိ​တို့​၏​တပ်​မ တော်​နှင့်​အ​တူ ကာ​ကော်​မြို့​၌​ရှိ​ကြ​၏။ သဲ​ကန္တာရ နေ​သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​အ​နက် လူ​တစ်​သိန်း​နှစ်​သောင်း​ကျ​ဆုံး​၍​တစ်​သောင်း ငါး​ထောင်​သာ​ကျန်​တော့​၏။-

11. ဂိ​ဒေါင်​သည်​နော​ဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အ​ရှေ့ ဘက်​သဲ​ကန္တာ​ရ​အ​စွန်​လမ်း​အ​တိုင်း​လိုက်​ပြီး လျှင် ထို​တပ်​မ​တော်​အား​ရုတ်​တ​ရက်​အ​မှတ် မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-

12. ထို​အ​ခါ​မိ​ဒျန်​ဘု​ရင်​နှစ်​ပါး​ဖြစ်​သော ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​သည်​ထွက်​ပြေး​ကြ​၏။ သို့​ရာ တွင်​ဂိ​ဒေါင်​သည်​သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​ရ မိ​သဖြင့် သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး မှာ​က​စဥ့်​က​ရဲ​ပြို​လဲ​၍​သွား​တော့​၏။

13. ဂိ​ဒေါင်​သည်​ဟေ​ရက်​တောင်​ကြား​လမ်း​ဖြင့် တိုက်​ပွဲ​မှ​ပြန်​လာ​သော​အ​ခါ၊-

14. သု​ကုတ်​မြို့​သား​လူ​ငယ်​တစ်​ဦး​ကို​ဖမ်း​ဆီး​၍ စစ်​ဆေး​မေး​မြန်း​ကြည့်​ရာ ထို​သူ​ငယ်​က​သု​ကုတ် မြို့​မှ​ခေါင်း​ဆောင်​ခု​နစ်​ဆယ့်​ခု​နစ်​ယောက်​တို့ ၏​အ​မည်​များ​ကို​ဂိဒေါင်​အား​ရေး​ပေး​၏။-

15. ထို​နောက်​ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သား​တို့​ထံ သွား​၍``ငါ့​အား​သင်​တို့​အ​ကူ​အ​ညီ​ပေး​ရန် ငြင်း​ဆို​ခဲ့​သည်​ကို​မှတ်​မိ​ကြ​လိမ့်​မည်။ သင် တို့​က​ငါ​သည်​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​ကို ဖမ်း​ဆီး​၍​မ​ရ​သေး​သ​ဖြင့် ငါ​၏​မော​ပန်း နွမ်း​နယ်​နေ​သည့်​တပ်​သား​တို့​အား​စား​နပ် ရိက္ခာ​မ​ပေး​နိုင်​ဟု​ဆို​ခဲ့​ကြ​၏'' ဟု​ပြော ဆို​ပြီး​လျှင်၊-

16. သဲ​ကန္တာရ​မှ​ဆူး​ခက်​များ​ကို​ယူ​၍ သု​ကုတ် မြို့​သား​ခေါင်း​ဆောင်​တို့​အား​ရိုက်​နှက်​လေ သည်။-

17. သူ​သည်​ပေ​နွေ​လ​မြို့​မှ​ခံ​တပ်​မျှော်​စင်​ကို လည်း​ဖြို​ချ​၍ ထို​မြို့​သား​တို့​ကို​သုတ်​သင် ပစ်​လိုက်​၏။

သူ​ကြီး 8