သူ​ကြီး 8:23-35 Common Language Bible (BCL)

23. ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။-

24. သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍``သင်​တို့​ထဲ မှ​ငါ​တောင်း​ခံ​လို​သည့်​အ​ရာ​တစ်​ခု​ရှိ​ပါ သည်။ သင်​တို့​ရ​ယူ​ထား​သည့်​ရွှေ​နား​ကွင်း များ​ကို​ငါ့​အား​ပေး​ကြ​လော့'' ဟု​ဆို​၏။ (မိ​ဒျန်​အ​မျိုး​သား​တို့​သည်​အခြား​သဲ​ကန္တာ​ရ နေ​သူ​များ​ကဲ့​သို့​ပင် ရွှေ​နား​ကွင်း​များ​ကို တပ်​ဆင်​လေ့​ရှိ​သ​တည်း။)

25. လူ​တို့​က​လည်း``ရွှေ​နား​ကွင်း​များ​ကို အ​ကျွန်ုပ် တို့​ဝမ်း​မြောက်​စွာ​ကိုယ်​တော်​အား​ပေး​ပါ​မည်'' ဟု​ပြန်​လျှောက်​ပြီး​လျှင်​စောင်​ကို​ခင်း​၍ မိ​မိ တို့​ရ​ယူ​ထား​သ​မျှ​သော​နား​ကွင်း​များ​ကို လူ​တိုင်း​လာ​ရောက်​ချ​ထား​ကြ​၏။-

26. မိဒျန်​ဘု​ရင်​တို့​ဝတ်​ဆင်​ထား​သည့်​တန်​ဆာ များ၊ လည်​ဆွဲ​များ၊ နီ​မောင်း​သော​အ​ဝတ်​နှင့် ကု​လား​အုတ်​လည်​ပတ်​ကြိုး​များ​အ​ပြင်၊ ဂိ ဒေါင်​ရ​ရှိ​သည့်​ရွှေ​နား​ကွင်း​များ​၏​အ​လေး ချိန်​မှာ​ပေါင်​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။

27. ဂိ​ဒေါင်​သည်​ထို​ရွှေ​များ​ဖြင့်​ရုပ်တု​တစ်​ခု​ကို သွန်း​လုပ်​ပြီး​လျှင် မိ​မိ​နေ​ထိုင်​ရာ​သြ​ဖ​ရ မြို့​၌​ထား​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကို​စွန့် ပစ်​ကာ​ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် သြ​ဖ​ရ​မြို့​သို့​သွား​ကြ​ကုန်​သည်။ ယင်း သည်​ဂိ​ဒေါင်​နှင့်​အိမ်​ထောင်​စု​အ​တွက် ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လာ​၏။

28. သို့​ဖြစ်​၍​မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​၍ နောက်​တစ်​ဖန်​သူ​တို့​အ​တွက်​ခြိမ်း​ခြောက်​မှု အန္တ​ရာယ်​မ​ဖြစ်​တော့​ချေ။ တိုင်း​ပြည်​သည်​လည်း ဂိ​ဒေါင်​ကွယ်​လွန်​ချိန်​တိုင်​အောင် နှစ်​ပေါင်း​လေး ဆယ်​မျှ​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။

29. ဂိ​ဒေါင်​သည်​မိ​မိ​၏​ကိုယ်​ပိုင်​နေ​အိမ်​သို့ ပြန် လည်​သွား​ရောက်​နေ​ထိုင်​လေ​သည်။-

30. သူ​၌​မ​ယား​အ​မြောက်​အ​မြား​ရှိ​သ​ဖြင့် သား​ခု​နစ်​ဆယ်​ကို​ရ​၏။-

31. ရှေ​ခင်​မြို့​တွင်​လည်း​မယား​ငယ်​တစ်​ယောက်​ရှိ သ​ဖြင့် ထို​မ​ယား​မှ​သား​တစ်​ယောက်​ကို​ရ​ရှိ ပြန်​သည်။ သူ​သည်​ထို​သား​ကို​အ​ဘိ​မ​လက် ဟု​အ​မည်​မှည့်​၏။-

32. ယော​ရှ​၏​သား​ဂိ​ဒေါင်​သည်​အ​သက်​ကြီး​ရင့် ၍​ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို အ​ဗျေ ဇာ​သား​ချင်း​စု​၏​ဌာ​နေ​ဖြစ်​သော​သြ​ဖ​ရ​မြို့ ရှိ​အ​ဖ​ယော​ရှ​၏​သင်္ချိုင်း​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။

33. ဂိ​ဒေါင်​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဘု​ရား​သ​ခင်​အား​တစ်​ဖန်​သစ္စာ ဖောက်​ကြ​ပြန်​၏။ ဗာ​လ​ဘု​ရား​များ​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​ပြန်​၏။ သူ​တို့​က​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​ဗာ​လ​ဘု​ရား​ကို မိ​မိ​တို့​၏ ဘု​ရား​အ​ဖြစ်​ချီး​မြှောက်​ကာ၊-

34. မိ​မိ​တို့​အား​ပတ်​လည်​ဝိုင်း​လျက်​နေ​သည့်​ရန် သူ​များ​၏​လက်​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​မူ​ဝတ်​မ ပြု​တော့​ချေ။-

35. သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။

သူ​ကြီး 8