2. သို့ရာတွင်ဂိဒေါင်က``သင်တို့ပြုခဲ့သမျှ နှင့်နှိုင်းယှဉ်ကြည့်လျှင် ငါပြုခဲ့သမျှသည် ဘာမျှမဖြစ်လောက်ပါ။ သင်တို့ပြုသည့် အမှုအနည်းငယ်ကပင်လျှင် ငါတို့သား ချင်းစုတစ်ရပ်လုံးပြုသည့်အမှုထက်ပို၍ တန်ဖိုးရှိပါ၏။-
3. သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
4. ထိုအခါ၌ဂိဒေါင်နှင့်သူ၏တပ်သားသုံး ရာတို့သည် ယော်ဒန်မြစ်သို့ရောက်ရှိလာ ကာမြစ်ကူးဖြတ်ပြီးဖြစ်သည်။ သူတို့သည် အလွန်ပင်ပန်းနွမ်းနယ်လျက်နေကြသော် လည်းရန်သူအားဖိ၍လိုက်လျက်ပင်။-
5. ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။
6. သို့ရာတွင်သုကုတ်မြို့မှခေါင်းဆောင်များ က``ငါတို့သည်အဘယ်ကြောင့်သင်၏တပ် သားများအား အစာရေစာပေးရပါမည် နည်း။ ဇေဘဟနှင့်ဇာလမုန္နတို့ကိုသင်တို့ မဖမ်းမိသေးပါတကား'' ဟုပြန်ပြော ကြ၏။
7. သို့ဖြစ်၍ဂိဒေါင်က``ကောင်းပြီ၊ ဇေဘဟ နှင့်ဇာလမုန္နတို့အား ငါ၏လက်သို့ဘုရားသခင်အပ်တော်မူသောအခါ ငါသည်သင် တို့ကိုသဲကန္တာရမှဆူးပင်များနှင့်ရိုက် နှက်မည်'' ဟုဆိုလေသည်။-
8. ထိုနောက်သူသည်ပေနွေလမြို့သို့သွား၍ ရှေးနည်းတူ ထိုမြို့သားတို့ထံမှအကူအညီ တောင်းခံသော်လည်း ပေနွေလမြို့သားတို့က သုကုတ်မြို့သားတို့နည်းတူပြန်လည်ဖြေ ကြားကြ၏။-
9. ထို့ကြောင့်ဂိဒေါင်သည်သူတို့အား``စစ်ငြိမ်း၍ ငါပြန်လာသောအခါ၌ ဤခံတပ်မျှော်စင် ကိုဖျက်ဆီးပစ်အံ့'' ဟုဆိုလေသည်။
10. ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-
11. ဂိဒေါင်သည်နောဗာမြို့နှင့်ယုဗ္ဗေဟမြို့အရှေ့ ဘက်သဲကန္တာရအစွန်လမ်းအတိုင်းလိုက်ပြီး လျှင် ထိုတပ်မတော်အားရုတ်တရက်အမှတ် မထင်ဝင်ရောက်တိုက်ခိုက်လေသည်။-
12. ထိုအခါမိဒျန်ဘုရင်နှစ်ပါးဖြစ်သော ဇေဘဟ နှင့်ဇာလမုန္နတို့သည်ထွက်ပြေးကြ၏။ သို့ရာ တွင်ဂိဒေါင်သည်သူတို့ကိုလိုက်လံဖမ်းဆီးရ မိသဖြင့် သူတို့၏တပ်မတော်ကြီးတစ်ခုလုံး မှာကစဥ့်ကရဲပြိုလဲ၍သွားတော့၏။
13. ဂိဒေါင်သည်ဟေရက်တောင်ကြားလမ်းဖြင့် တိုက်ပွဲမှပြန်လာသောအခါ၊-
14. သုကုတ်မြို့သားလူငယ်တစ်ဦးကိုဖမ်းဆီး၍ စစ်ဆေးမေးမြန်းကြည့်ရာ ထိုသူငယ်ကသုကုတ် မြို့မှခေါင်းဆောင်ခုနစ်ဆယ့်ခုနစ်ယောက်တို့ ၏အမည်များကိုဂိဒေါင်အားရေးပေး၏။-
15. ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-
16. သဲကန္တာရမှဆူးခက်များကိုယူ၍ သုကုတ် မြို့သားခေါင်းဆောင်တို့အားရိုက်နှက်လေ သည်။-
17. သူသည်ပေနွေလမြို့မှခံတပ်မျှော်စင်ကို လည်းဖြိုချ၍ ထိုမြို့သားတို့ကိုသုတ်သင် ပစ်လိုက်၏။
18. ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။
19. ဂိဒေါင်က``သူတို့သည်ကားငါ့အမိ၏သား များဖြစ်၍ ငါ၏ညီများဖြစ်သည်။ အကယ် ၍သင်တို့သည်သူတို့အားမသတ်ခဲ့ပါမူ ငါသည်လည်းသင်တို့အားသတ်လိမ့်မည် မဟုတ်ကြောင်း ထာဝရဘုရားကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြော၏။-
20. ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဋ္ဌားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။
21. ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။