သူ​ကြီး 8:18-32 Common Language Bible (BCL)

18. ထို​နောက်​ဂိ​ဒေါင်​က ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့ အား``တာ​ဗော်​မြို့​၌​သင်​တို့​သတ်​ဖြတ်​ပစ်​သူ တို့​ကား မည်​သို့​သော​သူ​များ​ဖြစ်​သ​နည်း'' ဟု​မေး​၏။သူ​တို့​က​လည်း``ထို​သူ​တို့​သည် သင်​နှင့်​အ​သွင် တူ​ပါ​သည်။ သူ​တို့​အား​လုံး​ပင်​လျှင် ဘု​ရင့်​သား တော်​များ​နှင့်​တူ​ကြ​ပါ​၏'' ဟု​ပြန်​ပြော​လေ သည်။

19. ဂိ​ဒေါင်​က``သူ​တို့​သည်​ကား​ငါ့​အ​မိ​၏​သား များ​ဖြစ်​၍ ငါ​၏​ညီ​များ​ဖြစ်​သည်။ အ​ကယ် ၍​သင်​တို့​သည်​သူ​တို့​အား​မ​သတ်​ခဲ့​ပါ​မူ ငါ​သည်​လည်း​သင်​တို့​အား​သတ်​လိမ့်​မည် မ​ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြော​၏။-

20. ထို​နောက်​သူ​သည်​မိ​မိ​၏​သား​ဦး​ယေ​သာ အား ထို​သူ​တို့​ကို​ထ​၍​သတ်​ရန်​စေ​ခိုင်း​လေ သည်။ သို့​ရာ​တွင်​သူ​ငယ်​သည်​မိ​မိ​ဋ္ဌား​ကို​ဆွဲ ၍​မ​ထုတ်​ဘဲ​နေ​၏။ သူ​သည်​အ​သက်​အ​ရွယ် ငယ်​သော​ကြောင့်​ယင်း​သို့​တုံ့​နှေး​လျက်​နေ ခြင်း​ဖြစ်​သည်။

21. ထို​အ​ခါ​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​က``ငါ တို့​အား​သင်​ကိုယ်​တိုင်​သတ်​ပါ​လော့။ လူ​ကြီး ပြု​ရ​မည့်​အ​မှု​ကို​လူ​ကြီး​သာ​လျှင်​ပြု​နိုင် ၏'' ဟု​ဆို​ကြ​၏။ ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့ နှစ်​ယောက်​အား​သတ်​ပြီး​လျှင် သူ​တို့​ကု​လား အုတ်​များ​၏​လည်​ပင်း​၌​ဆင်​ယင်​ထား​သော တန်​ဆာ​တို့​ကို​ချွတ်​ယူ​လေ​သည်။

22. ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

23. ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။-

24. သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍``သင်​တို့​ထဲ မှ​ငါ​တောင်း​ခံ​လို​သည့်​အ​ရာ​တစ်​ခု​ရှိ​ပါ သည်။ သင်​တို့​ရ​ယူ​ထား​သည့်​ရွှေ​နား​ကွင်း များ​ကို​ငါ့​အား​ပေး​ကြ​လော့'' ဟု​ဆို​၏။ (မိ​ဒျန်​အ​မျိုး​သား​တို့​သည်​အခြား​သဲ​ကန္တာ​ရ နေ​သူ​များ​ကဲ့​သို့​ပင် ရွှေ​နား​ကွင်း​များ​ကို တပ်​ဆင်​လေ့​ရှိ​သ​တည်း။)

25. လူ​တို့​က​လည်း``ရွှေ​နား​ကွင်း​များ​ကို အ​ကျွန်ုပ် တို့​ဝမ်း​မြောက်​စွာ​ကိုယ်​တော်​အား​ပေး​ပါ​မည်'' ဟု​ပြန်​လျှောက်​ပြီး​လျှင်​စောင်​ကို​ခင်း​၍ မိ​မိ တို့​ရ​ယူ​ထား​သ​မျှ​သော​နား​ကွင်း​များ​ကို လူ​တိုင်း​လာ​ရောက်​ချ​ထား​ကြ​၏။-

26. မိဒျန်​ဘု​ရင်​တို့​ဝတ်​ဆင်​ထား​သည့်​တန်​ဆာ များ၊ လည်​ဆွဲ​များ၊ နီ​မောင်း​သော​အ​ဝတ်​နှင့် ကု​လား​အုတ်​လည်​ပတ်​ကြိုး​များ​အ​ပြင်၊ ဂိ ဒေါင်​ရ​ရှိ​သည့်​ရွှေ​နား​ကွင်း​များ​၏​အ​လေး ချိန်​မှာ​ပေါင်​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။

27. ဂိ​ဒေါင်​သည်​ထို​ရွှေ​များ​ဖြင့်​ရုပ်တု​တစ်​ခု​ကို သွန်း​လုပ်​ပြီး​လျှင် မိ​မိ​နေ​ထိုင်​ရာ​သြ​ဖ​ရ မြို့​၌​ထား​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကို​စွန့် ပစ်​ကာ​ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် သြ​ဖ​ရ​မြို့​သို့​သွား​ကြ​ကုန်​သည်။ ယင်း သည်​ဂိ​ဒေါင်​နှင့်​အိမ်​ထောင်​စု​အ​တွက် ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လာ​၏။

28. သို့​ဖြစ်​၍​မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​၍ နောက်​တစ်​ဖန်​သူ​တို့​အ​တွက်​ခြိမ်း​ခြောက်​မှု အန္တ​ရာယ်​မ​ဖြစ်​တော့​ချေ။ တိုင်း​ပြည်​သည်​လည်း ဂိ​ဒေါင်​ကွယ်​လွန်​ချိန်​တိုင်​အောင် နှစ်​ပေါင်း​လေး ဆယ်​မျှ​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။

29. ဂိ​ဒေါင်​သည်​မိ​မိ​၏​ကိုယ်​ပိုင်​နေ​အိမ်​သို့ ပြန် လည်​သွား​ရောက်​နေ​ထိုင်​လေ​သည်။-

30. သူ​၌​မ​ယား​အ​မြောက်​အ​မြား​ရှိ​သ​ဖြင့် သား​ခု​နစ်​ဆယ်​ကို​ရ​၏။-

31. ရှေ​ခင်​မြို့​တွင်​လည်း​မယား​ငယ်​တစ်​ယောက်​ရှိ သ​ဖြင့် ထို​မ​ယား​မှ​သား​တစ်​ယောက်​ကို​ရ​ရှိ ပြန်​သည်။ သူ​သည်​ထို​သား​ကို​အ​ဘိ​မ​လက် ဟု​အ​မည်​မှည့်​၏။-

32. ယော​ရှ​၏​သား​ဂိ​ဒေါင်​သည်​အ​သက်​ကြီး​ရင့် ၍​ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို အ​ဗျေ ဇာ​သား​ချင်း​စု​၏​ဌာ​နေ​ဖြစ်​သော​သြ​ဖ​ရ​မြို့ ရှိ​အ​ဖ​ယော​ရှ​၏​သင်္ချိုင်း​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။

သူ​ကြီး 8