14. သုကုတ်မြို့သားလူငယ်တစ်ဦးကိုဖမ်းဆီး၍ စစ်ဆေးမေးမြန်းကြည့်ရာ ထိုသူငယ်ကသုကုတ် မြို့မှခေါင်းဆောင်ခုနစ်ဆယ့်ခုနစ်ယောက်တို့ ၏အမည်များကိုဂိဒေါင်အားရေးပေး၏။-
15. ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-
16. သဲကန္တာရမှဆူးခက်များကိုယူ၍ သုကုတ် မြို့သားခေါင်းဆောင်တို့အားရိုက်နှက်လေ သည်။-
17. သူသည်ပေနွေလမြို့မှခံတပ်မျှော်စင်ကို လည်းဖြိုချ၍ ထိုမြို့သားတို့ကိုသုတ်သင် ပစ်လိုက်၏။
18. ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။
19. ဂိဒေါင်က``သူတို့သည်ကားငါ့အမိ၏သား များဖြစ်၍ ငါ၏ညီများဖြစ်သည်။ အကယ် ၍သင်တို့သည်သူတို့အားမသတ်ခဲ့ပါမူ ငါသည်လည်းသင်တို့အားသတ်လိမ့်မည် မဟုတ်ကြောင်း ထာဝရဘုရားကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြော၏။-
20. ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဋ္ဌားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။
21. ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။
22. ထိုနောက်ဣသရေလအမျိုးသားတို့သည် ဂိဒေါင်အား``ကိုယ်တော်သည်အကျွန်ုပ်တို့အား မိဒျန်အမျိုးသားများလက်မှကယ်ဆယ်ခဲ့ ပါ၏။ ထို့ကြောင့်ကိုယ်တော်နှင့်သားမြေးစဉ် ဆက်အပေါင်းသည် အကျွန်ုပ်တို့ကိုအုပ်စိုး တော်မူပါ'' ဟုလျှောက်ထားကြ၏။
23. ဂိဒေါင်ကလည်း``ငါသည်သင်တို့အားအုပ် စိုးလိမ့်မည်မဟုတ်။ ငါ၏သားသည်လည်း အုပ်စိုးလိမ့်မည်မဟုတ်။ သင်တို့အားထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်'' ဟုပြန် ပြောလေသည်။-
24. သို့ရာတွင်သူသည်ဆက်လက်၍``သင်တို့ထဲ မှငါတောင်းခံလိုသည့်အရာတစ်ခုရှိပါ သည်။ သင်တို့ရယူထားသည့်ရွှေနားကွင်း များကိုငါ့အားပေးကြလော့'' ဟုဆို၏။ (မိဒျန်အမျိုးသားတို့သည်အခြားသဲကန္တာရ နေသူများကဲ့သို့ပင် ရွှေနားကွင်းများကို တပ်ဆင်လေ့ရှိသတည်း။)
25. လူတို့ကလည်း``ရွှေနားကွင်းများကို အကျွန်ုပ် တို့ဝမ်းမြောက်စွာကိုယ်တော်အားပေးပါမည်'' ဟုပြန်လျှောက်ပြီးလျှင်စောင်ကိုခင်း၍ မိမိ တို့ရယူထားသမျှသောနားကွင်းများကို လူတိုင်းလာရောက်ချထားကြ၏။-
26. မိဒျန်ဘုရင်တို့ဝတ်ဆင်ထားသည့်တန်ဆာ များ၊ လည်ဆွဲများ၊ နီမောင်းသောအဝတ်နှင့် ကုလားအုတ်လည်ပတ်ကြိုးများအပြင်၊ ဂိ ဒေါင်ရရှိသည့်ရွှေနားကွင်းများ၏အလေး ချိန်မှာပေါင်လေးဆယ်ကျော်ရှိသတည်း။
27. ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။
28. သို့ဖြစ်၍မိဒျန်အမျိုးသားတို့သည် ဣသ ရေလအမျိုးသားတို့၏နှိမ်နင်းခြင်းကိုခံ ရ၍ နောက်တစ်ဖန်သူတို့အတွက်ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်တော့ချေ။ တိုင်းပြည်သည်လည်း ဂိဒေါင်ကွယ်လွန်ချိန်တိုင်အောင် နှစ်ပေါင်းလေး ဆယ်မျှငြိမ်းချမ်းသာယာလျက်နေသတည်း။