25. သိသရသည်ရေကိုတောင်းသော်လည်းယေလက နို့ကိုပေး၏။လှပသောခွက်ဖလားဖြင့်နို့ကိုပေး၏။
26. သူသည်တဲရှင်ငုတ်ချွန်တစ်ခုကိုလက်တစ်ဘက်နှင့် ယူ၍အလုပ်သမားတူတစ်လက်ကိုအခြားလက်တစ်ဖြင့်ကိုင်ပြီးလျှင်သိသရ၏ ဦးခေါင်းကိုရိုက်သွင်းလိုက်ရာငုတ်ချွန်သည်သူ၏ဦးခေါင်းကိုထုတ်ချင်း ပေါက်၍သွားလေသည်။
27. သိသရသည်လဲကျပြီးလျှင်ယေလ၏ ခြေရင်း၌ မလှုပ်မရှားဘဲနေ၏။သူသည်မြေပေါ်သို့လဲကျကာယေလ၏ခြေရင်း၌ သေလျက်နေ၏။
28. သိသရ၏မိခင်သည်ပြူတင်းပေါက်မှမျှော် ၍ကြည့်၏။ သူသည်တရုတ်ကပ်၏နောက်မှငေး၍ကြည့်၏။``သူ၏ရထားသည်အဘယ်ကြောင့်ကြန့်ကြာ၍ နေပါသနည်း။သူ၏မြင်းတို့သည်အဘယ်ကြောင့်အပြန်နှေးလျက် နေပါသနည်း'' ဟုမြည်တမ်းပြောဆိုလျက်နေ၏။
29-30. သူ၏ပညာရှိနန်းတွင်းသူတို့က``သူတို့သည် ဖမ်းဆီးသိမ်းယူ၍ဝေငှရန်အတွက်၊ပစ္စည်းဥစ္စာများကိုရှာဖွေလျက်ရှိကြပါမည်။စစ်သားတစ်ယောက်စီအတွက်အပျိုကညာ တစ်ယောက်နှစ်ယောက်ကိုလည်းကောင်း၊သိသရအတွက်အဖိုးထိုက်အဝတ် အထည်နှင့် မိဖုရားအတွက်၊ပန်းထိုးလည်စည်းတန်ဆာတို့ကိုလည်းကောင်းရှာဖွေလျက်နေသောကြောင့်ပင်ဖြစ်တန်ရာ၏'' ဟုပြန်လည်ဖြေကြားကြသဖြင့်သူကိုယ်တိုင်လည်းထိုအတိုင်းအဖန်တလဲလဲတွေးတောလျက် နေသတည်း။
31. အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည်ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကားတက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။