သူ၏ပညာရှိနန်းတွင်းသူတို့က``သူတို့သည် ဖမ်းဆီးသိမ်းယူ၍ဝေငှရန်အတွက်၊ပစ္စည်းဥစ္စာများကိုရှာဖွေလျက်ရှိကြပါမည်။စစ်သားတစ်ယောက်စီအတွက်အပျိုကညာ တစ်ယောက်နှစ်ယောက်ကိုလည်းကောင်း၊သိသရအတွက်အဖိုးထိုက်အဝတ် အထည်နှင့် မိဖုရားအတွက်၊ပန်းထိုးလည်စည်းတန်ဆာတို့ကိုလည်းကောင်းရှာဖွေလျက်နေသောကြောင့်ပင်ဖြစ်တန်ရာ၏'' ဟုပြန်လည်ဖြေကြားကြသဖြင့်သူကိုယ်တိုင်လည်းထိုအတိုင်းအဖန်တလဲလဲတွေးတောလျက် နေသတည်း။