1. ထိုနေ့၌ဒေဗောရနှင့်အဘိနောင်၏သား ဗာရက်တို့သည် အောက်ပါသီချင်းကိုသီဆို ကြလေသည်။
2. ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
3. အချင်းရှင်ဘုရင်တို့နားထောင်ကြလော့။အချင်းအာဏာပိုင်တို့သတိမူကြလော့။ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို၊သီကူးရန်ငါသီချင်းဆို၍ စောင်းကိုတီးမည်။
29-30. သူ၏ပညာရှိနန်းတွင်းသူတို့က``သူတို့သည် ဖမ်းဆီးသိမ်းယူ၍ဝေငှရန်အတွက်၊ပစ္စည်းဥစ္စာများကိုရှာဖွေလျက်ရှိကြပါမည်။စစ်သားတစ်ယောက်စီအတွက်အပျိုကညာ တစ်ယောက်နှစ်ယောက်ကိုလည်းကောင်း၊သိသရအတွက်အဖိုးထိုက်အဝတ် အထည်နှင့် မိဖုရားအတွက်၊ပန်းထိုးလည်စည်းတန်ဆာတို့ကိုလည်းကောင်းရှာဖွေလျက်နေသောကြောင့်ပင်ဖြစ်တန်ရာ၏'' ဟုပြန်လည်ဖြေကြားကြသဖြင့်သူကိုယ်တိုင်လည်းထိုအတိုင်းအဖန်တလဲလဲတွေးတောလျက် နေသတည်း။