2. တစ်စုံတစ်ယောက်သည်ဣသရေလအမျိုး သားချင်းတစ်ဦးက အပ်နှံထားသောအာမခံ ငွေကိုပြန်ပေးရန်ငြင်းဆိုလျှင်သော်လည်း ကောင်း၊ သူ့ထံမှပစ္စည်းတစ်စုံတစ်ခုကိုခိုး ယူခြင်းသို့မဟုတ်သူ့အားလိမ်လည်လှည့် ဖြားခြင်းပြုလျှင်လည်းကောင်း၊-
3. သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
6. သူသည်ထာဝရဘုရားအားပူဇော်ရန် အပြစ် ဒဏ်ပြေရာယဇ်အဖြစ်အပြစ်အနာကင်း သောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ် ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။ သိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
7. ထိုနောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည် အပြစ်လွတ်လိမ့်မည်။
19-20. ထာဝရဘုရားသည် အာရုန်၏အဆက် အနွယ်ယဇ်ပုရောဟိတ်တို့အားသိက္ခာတင် ခြင်းနှင့်ပတ်သက်၍ အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်ချမှတ်ပေးတော် မူ၏။ ယဇ်ပုရောဟိတ်ကိုသိက္ခာတင်သောနေ့၌ သူသည်ထာဝရဘုရားအားမုန့်ညက်နှစ် ပေါင် (နေ့စဉ်ပူဇော်သောဘောဇဉ်အချင်အတွယ် အတိုင်း) ကိုနံနက်တစ်ပေါင်ညနေတစ်ပေါင် ပူဇော်ရမည်။-
21. မုန့်ညက်ကိုဆီရော၍သံအိုးကင်းပေါ်တွင် ဖုတ်ရမည်။ ထိုနောက်မုန့်ကိုချေ၍ ဘောဇဉ် သကာအဖြစ်ထာဝရဘုရားအားပူဇော် ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-
22. အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။-
23. ယဇ်ပုရောဟိတ်ပူဇော်သောဘောဇဉ်သကာ ကိုမည်သူမျှမစားရ။ မုန့်အားလုံးကိုမီး ရှို့ရမည်။
24-25. ထာဝရဘုရားသည်အပြစ်ဖြေရာပူဇော် သကာနှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်၊ အာရုန်နှင့်သူ၏ သားတို့အားချမှတ်ပေးတော်မူ၏။ ယဇ်ပလ္လင် ၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင်များကို သတ်သောနေရာတွင် အပြစ်ဖြေရာယဇ်ကောင် ကိုသတ်ရမည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
26. ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
27. တစ်စုံတစ်ယောက်ကထိုယဇ်ကောင်၏အသား ကိုထိကိုင်မိလျှင် ထိုအသား၏သန့်ရှင်းမြင့် မြတ်မှုကြောင့်ဘေးသင့်လိမ့်မည်။ အဝတ်အထည် တွင်ယဇ်ကောင်၏အသွေးစွန်းလျှင် ထိုအစွန်း ကွက်ကိုသန့်ရှင်းရာဌာနတွင်ဆေးကြောရ မည်။-
28. ယဇ်ကောင်၏အသားကိုပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ အသားကိုကြေးအိုးတွင်ပြုတ် လျှင် ထိုအိုးကိုပွတ်တိုက်၍ရေဆေးရမည်။-
29. ယဇ်ပုရောဟိတ်အနွယ်ထဲမှယောကျာ်းအပေါင်း တို့သည် ထိုယဇ်ကောင်၏အသားကိုစားနိုင် သည်။ ထိုပူဇော်သကာသည်အလွန်သန့်ရှင်း ၏။-
30. သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။