ထာဝရဘုရားသည်အပြစ်ဖြေရာပူဇော် သကာနှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်၊ အာရုန်နှင့်သူ၏ သားတို့အားချမှတ်ပေးတော်မူ၏။ ယဇ်ပလ္လင် ၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင်များကို သတ်သောနေရာတွင် အပြစ်ဖြေရာယဇ်ကောင် ကိုသတ်ရမည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-