5. ``သင်တို့သည်မိတ်သဟာယယဇ်ကိုပူဇော် သည့်အခါ ငါ၏ပြဋ္ဌာန်းချက်များနှင့်အညီ ပူဇော်လျှင် ငါသည်ထိုပူဇော်သကာကို လက်ခံမည်။-
8. ထိုအသားကိုစားသောသူသည် ငါ့အတွက် ဆက်ကပ်ထားသောပူဇော်သကာကိုမရို မသေပြုသောကြောင့် သူ့အားငါ၏လူမျိုး တော်မှထုတ်ပယ်မည်။
9. ``ကောက်ရိတ်သောအခါ လယ်ကွက်အနား တစ်လျှောက်ရှိကောက်ပင်များကိုမရိတ်ရ။ ကျန်ကြွင်းသောကောက်နှံများကိုလည်း ပြန်ကျော့၍မရိတ်ရ။-
10. စပျစ်ခြံမှမဆွတ်ဘဲကျန်ခဲ့သောစပျစ် သီးများကိုလည်းကောင်း၊ ကျကျန်ရစ်သော စပျစ်သီးများကိုလည်းကောင်းပြန်၍မစု သိမ်းရ။ ထိုအသီးများကိုဆင်းရဲသားနှင့် လူမျိုးခြားတို့အတွက်ချန်ထားရမည်။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
11. ``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။-
12. ကတိတည်ရန်မရည်ရွယ်ဘဲနှင့် ငါ၏နာမ တော်ကိုတိုင်တည်၍ကတိမပေးရ။ ထိုသို့ပြု ခြင်းဖြင့်ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
13. ``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
14. နားပင်းသူကိုမကျိန်ဆဲရ။ မျက်မမြင်၏ရှေ့ တွင်တိုက်မိ၍လဲစရာကိုမချထားရ။ ငါ့ ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။
15. ``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
16. သူတစ်ပါးအသရေပျက်စေသောစကား ကိုလှည့်လည်၍မပြောရ။ သေဒဏ်ခံထိုက်သော ပြစ်မှုကိုကူးလွန်သူအားတရားစီရင်နေ စဉ် သူ့ဘက်ကသက်သေပြနိုင်လျှင်ဖော်ထုတ် ပြောဆိုလော့။ ငါသည်ထာဝရဘုရားဖြစ် တော်မူ၏။
17. ``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
18. သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။