1-2. ထာဝရဘုရားသည် မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားအောက် ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့၏ဘုရားသခင်ငါထာဝရဘုရားသည် သန့်ရှင်းသော ကြောင့်သင်တို့သည်လည်းသန့်ရှင်းရမည်။-
3. လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
4. ``ငါ့ကိုပစ်ပယ်၍ရုပ်တုများကိုမကိုးကွယ် နှင့်။ သတ္တုဖြင့်သွန်းလုပ်သောရုပ်တုများကို မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
5. ``သင်တို့သည်မိတ်သဟာယယဇ်ကိုပူဇော် သည့်အခါ ငါ၏ပြဋ္ဌာန်းချက်များနှင့်အညီ ပူဇော်လျှင် ငါသည်ထိုပူဇော်သကာကို လက်ခံမည်။-
6-7. ယဇ်ပူဇော်သောနေ့သို့မဟုတ်နောက်တစ်နေ့ ၌ယဇ်ကောင်၏အသားကိုစားရမည်။ တတိ ယနေ့သို့တိုင်အောင်ကြွင်းကျန်သောအသား သည် ဘာသာရေးထုံးနည်းအရမသန့်ရှင်း သဖြင့်မီးရှို့ပစ်ရမည်။ အကယ်၍တတိယ နေ့၌ယဇ်ကောင်၏အသားကို တစ်ဦးတစ် ယောက်ကစားခဲ့သည်ရှိသော် ထိုပူဇော် သကာကိုငါလက်ခံမည်မဟုတ်။-
8. ထိုအသားကိုစားသောသူသည် ငါ့အတွက် ဆက်ကပ်ထားသောပူဇော်သကာကိုမရို မသေပြုသောကြောင့် သူ့အားငါ၏လူမျိုး တော်မှထုတ်ပယ်မည်။
9. ``ကောက်ရိတ်သောအခါ လယ်ကွက်အနား တစ်လျှောက်ရှိကောက်ပင်များကိုမရိတ်ရ။ ကျန်ကြွင်းသောကောက်နှံများကိုလည်း ပြန်ကျော့၍မရိတ်ရ။-
10. စပျစ်ခြံမှမဆွတ်ဘဲကျန်ခဲ့သောစပျစ် သီးများကိုလည်းကောင်း၊ ကျကျန်ရစ်သော စပျစ်သီးများကိုလည်းကောင်းပြန်၍မစု သိမ်းရ။ ထိုအသီးများကိုဆင်းရဲသားနှင့် လူမျိုးခြားတို့အတွက်ချန်ထားရမည်။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
11. ``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။-
12. ကတိတည်ရန်မရည်ရွယ်ဘဲနှင့် ငါ၏နာမ တော်ကိုတိုင်တည်၍ကတိမပေးရ။ ထိုသို့ပြု ခြင်းဖြင့်ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
13. ``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
14. နားပင်းသူကိုမကျိန်ဆဲရ။ မျက်မမြင်၏ရှေ့ တွင်တိုက်မိ၍လဲစရာကိုမချထားရ။ ငါ့ ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။
15. ``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
16. သူတစ်ပါးအသရေပျက်စေသောစကား ကိုလှည့်လည်၍မပြောရ။ သေဒဏ်ခံထိုက်သော ပြစ်မှုကိုကူးလွန်သူအားတရားစီရင်နေ စဉ် သူ့ဘက်ကသက်သေပြနိုင်လျှင်ဖော်ထုတ် ပြောဆိုလော့။ ငါသည်ထာဝရဘုရားဖြစ် တော်မူ၏။
17. ``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
18. သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
19. ``ငါ၏ပညတ်များကိုစောင့်ထိန်းလော့။ မျိုး မတူသောအိမ်မွေးတိရစ္ဆာန်ချင်းသားမစပ်ရ။ လယ်တစ်ကွက်တည်းတွင်အသီးအနှံနှစ်မျိုး ကိုမစိုက်ပျိုးရ။ ချည်မျှင်နှစ်မျိုးဖြင့်ရက် လုပ်သောအထည်ကိုမဝတ်ဆင်ရ။
20. ``တစ်စုံတစ်ယောက်သောသူသည် မိမိ၏ကျွန်မ ကိုအခြားတစ်ယောက်အားမယားငယ်အဖြစ် ရောင်းရန်ကတိပေးပြီးနောက် ဝယ်သူကထို ကျွန်မအတွက်ငွေမပေးရသေးမီမူလ ပိုင်ရှင်သည် ကျွန်မနှင့်ကာမစပ်ယှက်လျှင်သူ တို့နှစ်ဦးအားသေဒဏ်မစီရင်ရ။ အခြား အပြစ်ဒဏ်ကိုသာစီရင်ရမည်။ အဘယ် ကြောင့်ဆိုသော်ထိုကျွန်မကိုသူပိုင်နေ သေးသောကြောင့်ဖြစ်သည်။-
21. သူသည်အပြစ်ဒဏ်ပြေရာပူဇော်သကာအဖြစ် သိုးထီးတစ်ကောင်ကိုငါစံတော်မူရာတဲတော် တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
22. ယဇ်ပုရောဟိတ်သည်ထိုသိုးကိုယဇ်ပူဇော်၍ သူ့အပြစ်ပြေစေရန်သန့်စင်ခြင်းဝတ်ကို ပြုရမည်။ ထိုအခါဘုရားသခင်သည်သူ ၏အပြစ်ကိုလွှတ်တော်မူ၏။
23. ``သင်တို့သည်ခါနာန်ပြည်သို့ရောက်ရှိသော အခါ သစ်သီးပင်ကိုစိုက်ပျိုး၍အပင်မှ ပထမသုံးနှစ်အတွင်း သီးသောအသီးများ သည်ဘာသာရေးထုံးနည်းအရမသန့်စင် သဖြင့် ထိုအသီးများကိုမစားသုံးရ။-
24. စတုတ္ထနှစ်တွင်သီးသောအသီးရှိသမျှကို ငါထာဝရဘုရားအားကျေးဇူးတင်သည့် အနေဖြင့်ဆက်ကပ်ရမည်။-
25. ပဉ္စမနှစ်သို့ရောက်လျှင်သင်တို့သည်သစ်သီး များကိုစားသုံးနိုင်သည်။ သင်တို့သည်အထက် ပါအတိုင်းလိုက်နာလျှင် သစ်သီးအထွက်တိုး လိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
26. ``သွေးပါရှိနေသေးသောအသားကိုမစားရ။ ဗေဒင်မှော်အတတ်အမျိုးမျိုးတို့ကိုမကျင့် သုံးရ။-
27. သေသူအတွက်ဝမ်းနည်းသည့်အနေဖြင့် ဦး ခေါင်းဘေးပတ်လည်ရှိဆံပင်ကိုမညှပ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှိရ။-
28. ကိုယ်ပေါ်တွင်ဆေးမင်လည်းမထိုးရ။ ကိုယ်ကို လည်းမလှီးမရှရ။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။
29. ``ခါနာန်နတ်ဘုရားများကို ကိုးကွယ်ရာဌာနနှင့် ဆိုင်သောပြည့်တန်ဆာများအဖြစ် မိမိသမီး များကိုစေခိုင်းခြင်းအားဖြင့်သူတို့၏အသရေ ကိုမပျက်စေနှင့်။ ထိုသို့ပြုလျှင်သင်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍အကျင့်ပျက် ကုန်ကြလိမ့်မည်။-
30. ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
31. ``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြု လျှင်သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
32. ``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
33. ``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြားတို့ ကိုမညှင်းဆဲရ။-
34. သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
35. ``မမှန်သောအတိုင်းအတာအခြင်အတွယ် တို့ကိုသုံး၍ သူတစ်ပါးအားမလှည့်စား ရ။-
36. မှန်ကန်သောအတိုင်းအတာအခြင်အတွယ် တို့ကိုသုံးရမည်။ ငါသည်သင်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
37. ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုစောင့်ထိန်းကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။''