1-2. ထာဝရဘုရားသည် မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားအောက် ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့၏ဘုရားသခင်ငါထာဝရဘုရားသည် သန့်ရှင်းသော ကြောင့်သင်တို့သည်လည်းသန့်ရှင်းရမည်။-
3. လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
4. ``ငါ့ကိုပစ်ပယ်၍ရုပ်တုများကိုမကိုးကွယ် နှင့်။ သတ္တုဖြင့်သွန်းလုပ်သောရုပ်တုများကို မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
5. ``သင်တို့သည်မိတ်သဟာယယဇ်ကိုပူဇော် သည့်အခါ ငါ၏ပြဋ္ဌာန်းချက်များနှင့်အညီ ပူဇော်လျှင် ငါသည်ထိုပူဇော်သကာကို လက်ခံမည်။-
6-7. ယဇ်ပူဇော်သောနေ့သို့မဟုတ်နောက်တစ်နေ့ ၌ယဇ်ကောင်၏အသားကိုစားရမည်။ တတိ ယနေ့သို့တိုင်အောင်ကြွင်းကျန်သောအသား သည် ဘာသာရေးထုံးနည်းအရမသန့်ရှင်း သဖြင့်မီးရှို့ပစ်ရမည်။ အကယ်၍တတိယ နေ့၌ယဇ်ကောင်၏အသားကို တစ်ဦးတစ် ယောက်ကစားခဲ့သည်ရှိသော် ထိုပူဇော် သကာကိုငါလက်ခံမည်မဟုတ်။-
8. ထိုအသားကိုစားသောသူသည် ငါ့အတွက် ဆက်ကပ်ထားသောပူဇော်သကာကိုမရို မသေပြုသောကြောင့် သူ့အားငါ၏လူမျိုး တော်မှထုတ်ပယ်မည်။
9. ``ကောက်ရိတ်သောအခါ လယ်ကွက်အနား တစ်လျှောက်ရှိကောက်ပင်များကိုမရိတ်ရ။ ကျန်ကြွင်းသောကောက်နှံများကိုလည်း ပြန်ကျော့၍မရိတ်ရ။-