ဝတ်​ပြု 19:19-29 Common Language Bible (BCL)

19. ``ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​လော့။ မျိုး မ​တူ​သော​အိမ်​မွေး​တိ​ရစ္ဆာန်​ချင်း​သား​မ​စပ်​ရ။ လယ်​တစ်​ကွက်​တည်း​တွင်​အ​သီး​အ​နှံ​နှစ်​မျိုး ကို​မ​စိုက်​ပျိုး​ရ။ ချည်​မျှင်​နှစ်​မျိုး​ဖြင့်​ရက် လုပ်​သော​အ​ထည်​ကို​မ​ဝတ်​ဆင်​ရ။

20. ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​ကျွန်​မ ကို​အ​ခြား​တစ်​ယောက်​အား​မ​ယား​ငယ်​အ​ဖြစ် ရောင်း​ရန်​က​တိ​ပေး​ပြီး​နောက် ဝယ်​သူ​က​ထို ကျွန်​မ​အ​တွက်​ငွေ​မ​ပေး​ရ​သေး​မီ​မူ​လ ပိုင်​ရှင်​သည် ကျွန်​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ တို့​နှစ်​ဦး​အား​သေ​ဒဏ်​မ​စီ​ရင်​ရ။ အ​ခြား အ​ပြစ်​ဒဏ်​ကို​သာ​စီ​ရင်​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​ကျွန်​မ​ကို​သူ​ပိုင်​နေ သေး​သော​ကြောင့်​ဖြစ်​သည်။-

21. သူ​သည်​အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် သိုး​ထီး​တစ်​ကောင်​ကို​ငါ​စံ​တော်​မူ​ရာ​တဲ​တော် တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

22. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သိုး​ကို​ယဇ်​ပူ​ဇော်​၍ သူ့​အ​ပြစ်​ပြေ​စေ​ရန်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​ရ​မည်။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​သူ ၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​၏။

23. ``သင်​တို့​သည်​ခါ​နာန်​ပြည်​သို့​ရောက်​ရှိ​သော အ​ခါ သစ်​သီး​ပင်​ကို​စိုက်​ပျိုး​၍​အ​ပင်​မှ ပ​ထ​မ​သုံး​နှစ်​အ​တွင်း သီး​သော​အ​သီး​များ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် သ​ဖြင့် ထို​အ​သီး​များ​ကို​မ​စား​သုံး​ရ။-

24. စ​တုတ္ထ​နှစ်​တွင်​သီး​သော​အ​သီး​ရှိ​သ​မျှ​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ကျေး​ဇူး​တင်​သည့် အ​နေ​ဖြင့်​ဆက်​ကပ်​ရ​မည်။-

25. ပဉ္စ​မ​နှစ်​သို့​ရောက်​လျှင်​သင်​တို့​သည်​သစ်​သီး များ​ကို​စား​သုံး​နိုင်​သည်။ သင်​တို့​သည်​အ​ထက် ပါ​အ​တိုင်း​လိုက်​နာ​လျှင် သစ်​သီး​အ​ထွက်​တိုး လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

26. ``သွေး​ပါ​ရှိ​နေ​သေး​သော​အ​သား​ကို​မ​စား​ရ။ ဗေ​ဒင်​မှော်​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​မ​ကျင့် သုံး​ရ။-

27. သေ​သူ​အ​တွက်​ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် ဦး ခေါင်း​ဘေး​ပတ်​လည်​ရှိ​ဆံ​ပင်​ကို​မ​ညှပ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှိ​ရ။-

28. ကိုယ်​ပေါ်​တွင်​ဆေး​မင်​လည်း​မထိုး​ရ။ ကိုယ်​ကို လည်း​မ​လှီး​မ​ရှ​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

29. ``ခါ​နာန်​နတ်​ဘု​ရား​များ​ကို ကိုး​ကွယ်​ရာ​ဌာ​န​နှင့် ဆိုင်​သော​ပြည့်​တန်​ဆာ​များ​အ​ဖြစ် မိ​မိ​သ​မီး များ​ကို​စေ​ခိုင်း​ခြင်း​အား​ဖြင့်​သူ​တို့​၏​အ​သ​ရေ ကို​မ​ပျက်​စေ​နှင့်။ ထို​သို့​ပြု​လျှင်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍​အ​ကျင့်​ပျက် ကုန်​ကြ​လိမ့်​မည်။-

ဝတ်​ပြု 19