13. ``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
14. နားပင်းသူကိုမကျိန်ဆဲရ။ မျက်မမြင်၏ရှေ့ တွင်တိုက်မိ၍လဲစရာကိုမချထားရ။ ငါ့ ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။
15. ``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
16. သူတစ်ပါးအသရေပျက်စေသောစကား ကိုလှည့်လည်၍မပြောရ။ သေဒဏ်ခံထိုက်သော ပြစ်မှုကိုကူးလွန်သူအားတရားစီရင်နေ စဉ် သူ့ဘက်ကသက်သေပြနိုင်လျှင်ဖော်ထုတ် ပြောဆိုလော့။ ငါသည်ထာဝရဘုရားဖြစ် တော်မူ၏။
17. ``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
18. သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
19. ``ငါ၏ပညတ်များကိုစောင့်ထိန်းလော့။ မျိုး မတူသောအိမ်မွေးတိရစ္ဆာန်ချင်းသားမစပ်ရ။ လယ်တစ်ကွက်တည်းတွင်အသီးအနှံနှစ်မျိုး ကိုမစိုက်ပျိုးရ။ ချည်မျှင်နှစ်မျိုးဖြင့်ရက် လုပ်သောအထည်ကိုမဝတ်ဆင်ရ။
20. ``တစ်စုံတစ်ယောက်သောသူသည် မိမိ၏ကျွန်မ ကိုအခြားတစ်ယောက်အားမယားငယ်အဖြစ် ရောင်းရန်ကတိပေးပြီးနောက် ဝယ်သူကထို ကျွန်မအတွက်ငွေမပေးရသေးမီမူလ ပိုင်ရှင်သည် ကျွန်မနှင့်ကာမစပ်ယှက်လျှင်သူ တို့နှစ်ဦးအားသေဒဏ်မစီရင်ရ။ အခြား အပြစ်ဒဏ်ကိုသာစီရင်ရမည်။ အဘယ် ကြောင့်ဆိုသော်ထိုကျွန်မကိုသူပိုင်နေ သေးသောကြောင့်ဖြစ်သည်။-
21. သူသည်အပြစ်ဒဏ်ပြေရာပူဇော်သကာအဖြစ် သိုးထီးတစ်ကောင်ကိုငါစံတော်မူရာတဲတော် တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
22. ယဇ်ပုရောဟိတ်သည်ထိုသိုးကိုယဇ်ပူဇော်၍ သူ့အပြစ်ပြေစေရန်သန့်စင်ခြင်းဝတ်ကို ပြုရမည်။ ထိုအခါဘုရားသခင်သည်သူ ၏အပြစ်ကိုလွှတ်တော်မူ၏။
23. ``သင်တို့သည်ခါနာန်ပြည်သို့ရောက်ရှိသော အခါ သစ်သီးပင်ကိုစိုက်ပျိုး၍အပင်မှ ပထမသုံးနှစ်အတွင်း သီးသောအသီးများ သည်ဘာသာရေးထုံးနည်းအရမသန့်စင် သဖြင့် ထိုအသီးများကိုမစားသုံးရ။-
24. စတုတ္ထနှစ်တွင်သီးသောအသီးရှိသမျှကို ငါထာဝရဘုရားအားကျေးဇူးတင်သည့် အနေဖြင့်ဆက်ကပ်ရမည်။-