15. သူတို့သည်ထာဝရဘုရားအား ပူဇော် သကာအဖြစ်ယဇ်ကောင်အဆီကိုပူဇော် သောအခါ ရင်ဒူးနှင့်ပေါင်တို့ကိုယူဆောင် ခဲ့ရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း ဤယဇ်ကောင်ပိုင်းများသည် သင်နှင့် သင်၏သားစဉ်မြေးဆက်အတွက်ဝေစု ဖြစ်ရမည်'' ဟုဆိုလေသည်။
16. ထို့နောက်မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ် သောဆိတ်အကြောင်းကိုစုံစမ်းမေးမြန်းသော အခါ ထိုယဇ်ကိုမီးရှို့ပူဇော်ပြီးကြောင်းသိ ရ၏။ ထို့ကြောင့်သူသည်ဧလာဇာနှင့်ဣသမာ တို့အားအမျက်ထွက်၍၊-
17. ``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
18. ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့မယူခဲ့ ပါတကား။ သင်တို့သည်ငါမိန့်မှာသည့်အတိုင်း ထိုယဇ်ကောင်၏အသားကိုတဲတော်တွင်စား ရမည်'' ဟုဆိုလေ၏။
19. ထိုအခါအာရုန်ကမောရှေအား``အကယ်၍ အကျွန်ုပ်သည်အပြစ်ဖြေရာယဇ်ကောင်၏ အသားကို ယနေ့စားခဲ့သော်ထာဝရဘုရား နှစ်သက်တော်မူပါမည်လော။ ဣသရေလ အမျိုးသားတို့သည် ယနေ့ထာဝရဘုရား အားအပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်တို့ ကိုပူဇော်ကြပါပြီ။ သို့ဖြစ်ပါလျက်နှင့် အကျွန်ုပ်၌ ဤအဖြစ်ဆိုးနှင့်တွေ့ကြုံရ ပါသည်တကား'' ဟုဖြေကြားလေ၏။-
20. မောရှေသည်အာရုန်၏အဖြေကိုကြားရ လျှင်ကျေနပ်လေ၏။