ထိုအခါအာရုန်ကမောရှေအား``အကယ်၍ အကျွန်ုပ်သည်အပြစ်ဖြေရာယဇ်ကောင်၏ အသားကို ယနေ့စားခဲ့သော်ထာဝရဘုရား နှစ်သက်တော်မူပါမည်လော။ ဣသရေလ အမျိုးသားတို့သည် ယနေ့ထာဝရဘုရား အားအပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်တို့ ကိုပူဇော်ကြပါပြီ။ သို့ဖြစ်ပါလျက်နှင့် အကျွန်ုပ်၌ ဤအဖြစ်ဆိုးနှင့်တွေ့ကြုံရ ပါသည်တကား'' ဟုဖြေကြားလေ၏။-