4. ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံထဲမှ ပေးလှူကြ၏။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပင် ပေးလှူပြီ'' ဟုမိန့်တော်မူ၏။
5. တပည့်တော်အချို့တို့က ဗိမာန်တော်သည်လှပ သောကျောက်တုံးများ၊ ပူဇော်ဆက်ကပ်ထားသည့် ဝတ္ထုပစ္စည်းများဖြင့်အလွန်တင့်တယ်လျက်ရှိ ကြောင်းပြောဆိုကြ၏။-
6. ထိုအခါကိုယ်တော်က ``သင်တို့မြင်ရကြသည့် အရာအားလုံးတို့သည်ပြိုကျရလိမ့်မည်။ ကျောက်တစ်လုံးမျှမူလနေရာတွင်တင်၍ မကျန်ရစ်သည့်တိုင်အောင်ပြိုပျက်ရသည့် အချိန်ကျရောက်လာပေအံ့'' ဟုမိန့်တော်မူ၏။
7. ထိုသူတို့က ``အရှင်ဘုရား၊ ဤအမှုအရာ များသည်အဘယ်ကာလတွင်ဖြစ်ပျက်ပါ မည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌ အဘယ်ပုဗ္ဗနိမိတ်များပေါ်ထွန်းပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
8. ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
9. သင်တို့သည်စစ်မက်သတင်းများနှင့်ပုန်ကန် တော်လှန်မှုသတင်းများကိုကြားကြသော အခါမထိတ်လန့်ကြနှင့်။ ဤအမှုအရာများ သည်ဦးစွာဖြစ်ပျက်ရမည်။ သို့သော်လည်းကပ် ကမ္ဘာကုန်ဆုံးချိန်ကားမရောက်သေး'' ဟုမိန့် တော်မူ၏။
34-35. ``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
36. နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
37. ကိုယ်တော်သည်နေ့အခါများ၌ဗိမာန်တော် တွင်ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ များ၌သံလွင်နာမည်တွင်သောတောင်ပေါ်သို့ သွား၍ညဥ့်ကိုလွန်စေတော်မူ၏။-
38. လူအပေါင်းတို့သည်ဗိမာန်တော်တွင်တရား တော်ကိုကြားနာရန် နံနက်စောစောထ၍ အထံတော်သို့လာကြ၏။