ထိုအခါကိုယ်တော်က ``သင်တို့မြင်ရကြသည့် အရာအားလုံးတို့သည်ပြိုကျရလိမ့်မည်။ ကျောက်တစ်လုံးမျှမူလနေရာတွင်တင်၍ မကျန်ရစ်သည့်တိုင်အောင်ပြိုပျက်ရသည့် အချိန်ကျရောက်လာပေအံ့'' ဟုမိန့်တော်မူ၏။