ယေ​ရ​မိ 21:10-14 Common Language Bible (BCL)

10. ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

11-12. ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​မင်း​၏​သား​မြေး၊ ယု​ဒ​မင်း​မျိုး​တို့၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​လော့။ သူ တို့​အား​သင်​တို့​သည်​နေ့​စဉ်​ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ရ​ကြ​မည်။ လု​ယူ​ခြင်း​ခံ​ရ​သူ အား​ဖိ​နှိပ်​ချုပ်​ချယ်​သူ​၏​ဘေး​မှ​ကာ​ကွယ် စောင့်​ရှောက်​ရ​ကြ​မည်။ ယင်း​သို့​မ​ပြု​ပါ​မူ သင်​တို့​၏​မ​ကောင်း​မှု​များ​သည် ငါ့​အ​မျက် ဒေါ​သ​ကို​ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး ကဲ့​သို့​တောက်​လောင်​စေ​လိမ့်​မည်။-

13. အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​လွင်​ပြင်​ပေါ်​မှ ကျောက်​ဆောင်​ကြီး​သ​ဖွယ်​ချိုင့်​ဝှမ်း​များ​အ ထက်​တွင်​မြင့်​မား​စွာ​ရပ်​တည်​လျက်​ရှိ​၏။ သို့ သော်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တိုက် ခိုက်​တော်​မူ​မည်။ သင်​သည်​မိ​မိ​အား​အ​ဘယ် သူ​မျှ​မ​တိုက်​မ​ခိုက်​နိုင်။ သင်​၏​ခံ​တပ်​များ ကို​လည်း​မ​ဖြို​မ​ခွင်း​နိုင်​ဟု​ဆို​ချေ​သည်။-

14. သို့​ရာ​တွင်​ငါ​သည်​သင်​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ငါ​သည်​သင်​၏​နန်း​တော်​ကို​မီး​သင့်​လောင် စေ​မည်။ ထို​မီး​သည်​နီး​နား​ပတ်​လည်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ကျွမ်း​လောင်​သွား​စေ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 21