ထာဝရဘုရားက``ဒါဝိဒ်မင်း၏သားမြေး၊ ယုဒမင်းမျိုးတို့၊ ငါထာဝရဘုရားမိန့် တော်မူသောစကားကိုနားထောင်လော့။ သူ တို့အားသင်တို့သည်နေ့စဉ်ဖြောင့်မတ်စွာ တရားစီရင်ရကြမည်။ လုယူခြင်းခံရသူ အားဖိနှိပ်ချုပ်ချယ်သူ၏ဘေးမှကာကွယ် စောင့်ရှောက်ရကြမည်။ ယင်းသို့မပြုပါမူ သင်တို့၏မကောင်းမှုများသည် ငါ့အမျက် ဒေါသကိုငြိမ်းသတ်၍မရနိုင်သောမီး ကဲ့သို့တောက်လောင်စေလိမ့်မည်။-