ယေ​ရ​မိ 21:1-7 Common Language Bible (BCL)

1. ဇေ​ဒ​ကိ​မင်း​သည်​မေ​လ​ခိ​၏​သား​ပါ​ရှု​ရ နှင့် မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ သို့​စေ​လွှတ်​ပြီး​လျှင်၊-

2. ``ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​သူ​၏ တပ်​မ​တော်​သည် မြို့​ကို​တိုက်​ခိုက်​ရန်​ဝိုင်း​ရံ လျက်​ရှိ​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​အား ငါ​တို့​အ​တွက်​လျှောက်​ထား​ပေး​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အ​တွက်​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ​၍ နေ​ဗု​ခဒ် နေ​ဇာ​မင်း​အား​ပြန်​လည်​ဆုတ်​ခွာ​ကောင်း ဆုတ်​ခွာ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြော ကြား​လာ​၏။

3. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ယေ​ရ​မိ​သည်​မိ​မိ ထံ​သို့​ရောက်​သည့်​လူ​တို့​ကို​ဇေ​ဒ​ကိ​အား ဆင့်​ဆို​စေ​၏။-

4. ``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-

5. ငါ​ကိုယ်​တော်​တိုင်​မိ​မိ​၏​လက်​ရုံး​တော်​တန် ခိုး​စွမ်း​အင်​ရှိ​သ​မျှ​နှင့် ဒေါ​သ​အ​မျက် ချောင်း​ချောင်း​ထွက်​လျက်​သင်​တို့​ကို​တိုက် ခိုက်​တော်​မူ​မည်။-

6. ဤ​မြို့​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​သုတ် သင်​ပယ်​ရှင်း​မည်။ လူ​နှင့်​တိ​ရစ္ဆာန်​များ​သည် ကြောက်​မက်​ဖွယ်​ရာ​အ​နာ​ရော​ဂါ​ဘေး ဖြင့်​သေ​ကြ​လိမ့်​မည်။-

7. စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

11-12. ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​မင်း​၏​သား​မြေး၊ ယု​ဒ​မင်း​မျိုး​တို့၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​လော့။ သူ တို့​အား​သင်​တို့​သည်​နေ့​စဉ်​ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ရ​ကြ​မည်။ လု​ယူ​ခြင်း​ခံ​ရ​သူ အား​ဖိ​နှိပ်​ချုပ်​ချယ်​သူ​၏​ဘေး​မှ​ကာ​ကွယ် စောင့်​ရှောက်​ရ​ကြ​မည်။ ယင်း​သို့​မ​ပြု​ပါ​မူ သင်​တို့​၏​မ​ကောင်း​မှု​များ​သည် ငါ့​အ​မျက် ဒေါ​သ​ကို​ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး ကဲ့​သို့​တောက်​လောင်​စေ​လိမ့်​မည်။-

ယေ​ရ​မိ 21