အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။သူတို့သည်ကျွန်တော်မျိုးအားတစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။