5. ငါသည်ရန်သူတို့အားဤမြို့၏စည်းစိမ်ချမ်း သာမှန်သမျှကိုတိုက်ခိုက်လုယူစေမည်။ ဤ မြို့၏လက်ရှိဥစ္စာများနှင့်ပစ္စည်းပစ္စယမှန် သမျှနှင့် ယုဒဘုရင်များ၏ဘဏ္ဍာတော်တို့ ကိုဗာဗုလုန်ပြည်သို့သိမ်းယူသွားစေမည်။-
6. ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။
7. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။သူတို့သည်ကျွန်တော်မျိုးအားတစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။
8. ကျွန်တော်မျိုးသည်ဟောပြောသည့်အခါတိုင်းအော်ဟစ်၍``အကြမ်းဖက်မှု၊ပျက်စီးမှု'' ဟူ၍ ကြွေးကြော်ရပါ၏။အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏ဗျာဒိတ်တော်ကို၊ပြန်ကြားသဖြင့် ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊သရော်စော်ကားပြုခြင်းကိုလည်းကောင်း အစဉ်မပြတ်ခံရပါ၏။
9. သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟုကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည်ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။