6. ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။
7. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။သူတို့သည်ကျွန်တော်မျိုးအားတစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။
8. ကျွန်တော်မျိုးသည်ဟောပြောသည့်အခါတိုင်းအော်ဟစ်၍``အကြမ်းဖက်မှု၊ပျက်စီးမှု'' ဟူ၍ ကြွေးကြော်ရပါ၏။အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏ဗျာဒိတ်တော်ကို၊ပြန်ကြားသဖြင့် ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊သရော်စော်ကားပြုခြင်းကိုလည်းကောင်း အစဉ်မပြတ်ခံရပါ၏။
9. သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟုကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည်ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
10. ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟုနာမည်ပေးပြီးလျှင်``သူ့အကြောင်းကိုအာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင်ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
11. သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည် စွမ်းရည်တန်ခိုးကြီးမားသောစစ်သည်တော် ကဲ့သို့ကျွန်တော်မျိုးဘက်၌ရှိတော်မူသည်ဖြစ်၍၊ကျွန်တော်မျိုးကိုနှိပ်စက်ညှင်းဆဲသူတို့ သည် ခြေချော်၍လဲကြပါလိမ့်မည်။သူတို့သည်အဘယ်အခါမျှအနိုင် ရလိမ့်မည်မဟုတ်ပါ။သူတို့သည်အောင်မြင်မှုမရနိုင်သဖြင့် အစဉ်ပင် အသရေပျက်ကြပါလိမ့်မည်။သူတို့၏အသရေပျက်မှုသည်အဘယ်အခါ ၌မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပါ။
12. သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော်ရှင်သည်လူတို့ကိုတရားသဖြင့် စစ်ဆေးတော်မူတတ်ပါ၏။သူတို့၏စိတ်နှလုံးအကြံအစည်များကို သိတော်မူပါ၏။သို့ဖြစ်၍ရန်သူများအားကိုယ်တော်ရှင် လက်စားချေသည်ကိုကျွန်တော်မျိုးမြင်ပါ ရစေ။ကျွန်တော်မျိုးသည်မိမိ၏အမှုကိုလက် တော်သို့ ပေးအပ်၍ထားပါပြီ။
13. ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး သီဆိုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ကိုယ်တော်သည်ဆင်းရဲသောသူတို့အား ဆိုးညစ်သူများ၏လက်မှကယ်ဆယ်တော် မူပါ၏။
14. ငါမွေးဖွားသည့်နေ့သည်အမင်္ဂလာရှိပါစေသော။ငါ့ကိုငါ၏မိခင်မျက်နှာမြင်သည့်နေ့သည် မေ့ပျောက်၍သွားပါစေသော။
15. ``သားယောကျာ်းဖြစ်သည်။သင်သည်သားယောကျာ်းကိုရရှိပါပြီ'' ဟူသော သတင်းကိုယူဆောင်လာကာငါ၏ဖခင်အားဝမ်းမြောက်ဝမ်းသာဖြစ်စေ သူသည် ကျိန်ခြင်းခံရပါစေသော။
18. ငါသည်အဘယ်ကြောင့်ဖွားမြင်၍လာရပါ သနည်း။ဝမ်းနည်းပူပန်ခြင်းနှင့်ဆင်းရဲဒုက္ခခံရန် သာလျှင် ဖြစ်ပါသလော။ငါ၏ဘဝကိုအသရေပျက်မှုနှင့်နိဂုံးချုပ် ရန်ပင် ဖြစ်ပါသလော။