ယေ​ရ​မိ 20:11-18 Common Language Bible (BCL)

11. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည် စွမ်း​ရည်​တန်​ခိုး​ကြီး​မား​သော​စစ်​သည်​တော် ကဲ့​သို့ကျွန်​တော်​မျိုး​ဘက်​၌​ရှိ​တော်​မူ​သည်​ဖြစ်​၍၊ကျွန်​တော်​မျိုး​ကို​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့ သည် ခြေ​ချော်​၍​လဲ​ကြ​ပါ​လိမ့်​မည်။သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ​အ​နိုင် ရ​လိမ့်​မည်​မဟုတ်​ပါ။သူ​တို့​သည်​အောင်​မြင်​မှု​မရ​နိုင်​သ​ဖြင့် အ​စဉ်​ပင် အ​သ​ရေ​ပျက်​ကြ​ပါ​လိမ့်​မည်။သူ​တို့​၏​အ​သ​ရေ​ပျက်​မှု​သည်​အ​ဘယ်​အခါ ၌​မျှ မေ့​ပျောက်​သွား​လိမ့်​မည်​မ​ဟုတ်​ပါ။

12. သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​လူ​တို့​ကို​တ​ရား​သ​ဖြင့် စစ်​ဆေး​တော်​မူ​တတ်​ပါ​၏။သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​ပါ​၏။သို့​ဖြစ်​၍​ရန်​သူ​များ​အား​ကိုယ်​တော်​ရှင် လက်​စား​ချေ​သည်​ကို​ကျွန်​တော်​မျိုး​မြင်​ပါ ရ​စေ။ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​မှု​ကို​လက် တော်​သို့ ပေး​အပ်​၍​ထား​ပါ​ပြီ။

13. ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​သည်​ဆင်း​ရဲ​သော​သူ​တို့​အား ဆိုး​ညစ်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ​၏။

14. ငါ​မွေး​ဖွား​သည့်​နေ့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ငါ့​ကို​ငါ​၏​မိ​ခင်​မျက်​နှာ​မြင်​သည့်​နေ့​သည် မေ့​ပျောက်​၍​သွား​ပါ​စေ​သော။

15. ``သား​ယောကျာ်း​ဖြစ်​သည်။သင်​သည်​သား​ယောကျာ်း​ကို​ရ​ရှိ​ပါ​ပြီ'' ဟူ​သော သ​တင်း​ကို​ယူ​ဆောင်​လာ​ကာငါ​၏​ဖ​ခင်​အား​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​စေ သူ​သည် ကျိန်​ခြင်း​ခံ​ရ​ပါ​စေ​သော။

16-17. ထို​သူ​သည်​က​ရု​ဏာ​ကင်း​မဲ့​စွာ​ထာ​ဝ​ရ ဘု​ရားဖျက်​ဆီး​တော်​မူ​သော​မြို့​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။မ​မွေး​မ​ဖွား​မီ​ကာ​လ​က​ပင်​ငါ့​ကို​မ​သတ်​ခဲ့ သ​ဖြင့်သူ​သည်​နံ​နက်​ချိန်​၌​ဝေ​ဒ​နာ​နှင့်​ဟစ်​အော် သံ​များ ကို​လည်း​ကောင်း၊မွန်း​တည့်​ချိန်​၌​တိုက်​ပွဲ​ဝင်​ရန်​အ​ချက် ပေး​သံ​များ ကို​လည်း​ကောင်း​ကြား​ရ​ပါ​စေ​သော။အ​ကယ်​၍​သူ​သည်​ငါ့​ကို​သတ်​ခဲ့​ပါ​မူငါ့​မိ​ခင်​၏​ဝမ်း​သည်​ငါ​၏​သင်္ချိုင်း​ဖြစ်​ပါ လိမ့်​မည်။

18. ငါ​သည်​အ​ဘယ်​ကြောင့်​ဖွား​မြင်​၍​လာ​ရ​ပါ သ​နည်း။ဝမ်း​နည်း​ပူ​ပန်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရန် သာ​လျှင် ဖြစ်​ပါ​သ​လော။ငါ​၏​ဘဝ​ကို​အ​သ​ရေ​ပျက်​မှု​နှင့်​နိ​ဂုံး​ချုပ် ရန်​ပင် ဖြစ်​ပါ​သ​လော။

ယေ​ရ​မိ 20