ယေ​ရ​မိ 20:16-17 Common Language Bible (BCL)

ထို​သူ​သည်​က​ရု​ဏာ​ကင်း​မဲ့​စွာ​ထာ​ဝ​ရ ဘု​ရားဖျက်​ဆီး​တော်​မူ​သော​မြို့​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။မ​မွေး​မ​ဖွား​မီ​ကာ​လ​က​ပင်​ငါ့​ကို​မ​သတ်​ခဲ့ သ​ဖြင့်သူ​သည်​နံ​နက်​ချိန်​၌​ဝေ​ဒ​နာ​နှင့်​ဟစ်​အော် သံ​များ ကို​လည်း​ကောင်း၊မွန်း​တည့်​ချိန်​၌​တိုက်​ပွဲ​ဝင်​ရန်​အ​ချက် ပေး​သံ​များ ကို​လည်း​ကောင်း​ကြား​ရ​ပါ​စေ​သော။အ​ကယ်​၍​သူ​သည်​ငါ့​ကို​သတ်​ခဲ့​ပါ​မူငါ့​မိ​ခင်​၏​ဝမ်း​သည်​ငါ​၏​သင်္ချိုင်း​ဖြစ်​ပါ လိမ့်​မည်။

ယေ​ရ​မိ 20

ယေ​ရ​မိ 20:7-18