1. ဣမေရ၏သားယဇ်ပုရောဟိတ်ပါရှုရသည် ဗိမာန်တော်အုပ်ချုပ်ရေးမှူးဖြစ်၏။ သူသည် ပရောဖက်ငါဟောပြောသောစကားများ ကိုကြားသဖြင့်၊-
2. ငါ့အားရိုက်နှက်ပြီးလျှင်ဗိမာန်တော်အတွင်း ဗင်္ယာမိန်အထက်တံခါးအနီးတွင် သံကြိုး များဖြင့်ချည်နှောင်၍ထား၏။-
3. နောက်တစ်နေ့နံနက်၌ပါရှုရသည်ငါ့အား အနှောင်အဖွဲ့မှလွှတ်လိုက်သောအခါ ငါ က``ထာဝရဘုရားသည်သင့်အားပါရှုရ ဟုအမည်ပေးတော်မမူ။ နေရာတကာ အကြမ်းဖက်သမားဟုမှည့်ခေါ်တော်မူ လေပြီ။-
4. အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။-
5. ငါသည်ရန်သူတို့အားဤမြို့၏စည်းစိမ်ချမ်း သာမှန်သမျှကိုတိုက်ခိုက်လုယူစေမည်။ ဤ မြို့၏လက်ရှိဥစ္စာများနှင့်ပစ္စည်းပစ္စယမှန် သမျှနှင့် ယုဒဘုရင်များ၏ဘဏ္ဍာတော်တို့ ကိုဗာဗုလုန်ပြည်သို့သိမ်းယူသွားစေမည်။-
6. ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။
16-17. ထိုသူသည်ကရုဏာကင်းမဲ့စွာထာဝရ ဘုရားဖျက်ဆီးတော်မူသောမြို့များကဲ့သို့ဖြစ်ပါ စေသော။မမွေးမဖွားမီကာလကပင်ငါ့ကိုမသတ်ခဲ့ သဖြင့်သူသည်နံနက်ချိန်၌ဝေဒနာနှင့်ဟစ်အော် သံများ ကိုလည်းကောင်း၊မွန်းတည့်ချိန်၌တိုက်ပွဲဝင်ရန်အချက် ပေးသံများ ကိုလည်းကောင်းကြားရပါစေသော။အကယ်၍သူသည်ငါ့ကိုသတ်ခဲ့ပါမူငါ့မိခင်၏ဝမ်းသည်ငါ၏သင်္ချိုင်းဖြစ်ပါ လိမ့်မည်။