ယေ​ရ​မိ 20:1-3 Common Language Bible (BCL)

1. ဣ​မေ​ရ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ပါ​ရှု​ရ​သည် ဗိ​မာန်​တော်​အုပ်​ချုပ်​ရေး​မှူး​ဖြစ်​၏။ သူ​သည် ပ​ရော​ဖက်​ငါ​ဟော​ပြော​သော​စ​ကား​များ ကို​ကြား​သ​ဖြင့်၊-

2. ငါ့​အား​ရိုက်​နှက်​ပြီး​လျှင်​ဗိ​မာန်​တော်​အ​တွင်း ဗင်္ယာ​မိန်​အ​ထက်​တံ​ခါး​အ​နီး​တွင် သံ​ကြိုး များ​ဖြင့်​ချည်​နှောင်​၍​ထား​၏။-

3. နောက်​တစ်​နေ့​နံ​နက်​၌​ပါ​ရှု​ရ​သည်​ငါ့​အား အ​နှောင်​အ​ဖွဲ့​မှ​လွှတ်​လိုက်​သော​အ​ခါ ငါ က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ပါ​ရှု​ရ ဟု​အ​မည်​ပေး​တော်​မ​မူ။ နေ​ရာ​တ​ကာ အ​ကြမ်း​ဖက်​သ​မား​ဟု​မှည့်​ခေါ်​တော်​မူ လေ​ပြီ။-

16-17. ထို​သူ​သည်​က​ရု​ဏာ​ကင်း​မဲ့​စွာ​ထာ​ဝ​ရ ဘု​ရားဖျက်​ဆီး​တော်​မူ​သော​မြို့​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။မ​မွေး​မ​ဖွား​မီ​ကာ​လ​က​ပင်​ငါ့​ကို​မ​သတ်​ခဲ့ သ​ဖြင့်သူ​သည်​နံ​နက်​ချိန်​၌​ဝေ​ဒ​နာ​နှင့်​ဟစ်​အော် သံ​များ ကို​လည်း​ကောင်း၊မွန်း​တည့်​ချိန်​၌​တိုက်​ပွဲ​ဝင်​ရန်​အ​ချက် ပေး​သံ​များ ကို​လည်း​ကောင်း​ကြား​ရ​ပါ​စေ​သော။အ​ကယ်​၍​သူ​သည်​ငါ့​ကို​သတ်​ခဲ့​ပါ​မူငါ့​မိ​ခင်​၏​ဝမ်း​သည်​ငါ​၏​သင်္ချိုင်း​ဖြစ်​ပါ လိမ့်​မည်။

ယေ​ရ​မိ 20