4. သူသည်မိမိပြုလုပ်လျက်ရှိသည့်အိုးမြေ တွင်အပြစ်အနာအဆာကိုတွေ့သောအခါ ထိုအိုးမြေကိုယူ၍အခြားအရာဝတ္ထု တစ်ခုအဖြစ်သို့ပြောင်းလဲပြုလုပ်လိုက် လေသည်။
5. ထိုအခါထာဝရဘုရားကငါ့အား၊-
6. ``အိုးထိန်းသည်သည်ရွှံ့စေးကိုပြုသကဲ့သို့ ငါသည်လည်းသင်တို့ဣသရေလပြည်သား များအားမပြုနိုင်ပါသလော။ အို ဣသရေလ အမျိုးသားတို့၊ ရွှံ့စေးသည်အိုးထိန်းသည်၏ လက်တွင်း၌ရှိသကဲ့သို့ သင်တို့အမျိုးသား များသည်လည်းငါ၏လက်တွင်း၌ရှိကြ၏။-
7. အကယ်၍ငါသည်အဘယ်အခါ၌မဆိုဤ မည်သောလူမျိုးကိုသော်လည်းကောင်း၊ ဤမည် သောတိုင်းပြည်ကိုသော်လည်းကောင်းနုတ်ပယ် ဖြိုချဖျက်ဆီးတော်မူမည်ဟုဆိုပြီးနောက်၊-
8. ထိုလူမျိုးသည်နောင်တရပါမူငါ၏စိတ် ပြောင်းလဲလျက် ယခင်မြွက်ဆိုခဲ့သည့်အမှု များကိုမပြုဘဲငါနေမည်။-
9. သို့ရာတွင်အကယ်၍ငါသည်ဤမည်သော လူမျိုး သို့မဟုတ်တိုင်းပြည်ကိုပြုစုပျိုး ထောင်တည်ဆောက်မည်ဆိုပြီးနောက်၊-
10. ထိုလူမျိုးသည်ငါ၏ရှေ့တွင်ဒုစရိုက်များ ကိုပြုကျင့်လျက် ငါ၏စကားကိုနားမထောင် ပါမူငါ၏စိတ်ကိုပြောင်းလဲလျက် ယခင်ငါ မြွက်ဆိုသည့်ကောင်းမှုများကိုမပြုဘဲနေမည်။-
11. သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
12. ထိုအခါသူတို့က``အကျွန်ုပ်တို့မပြောင်း လဲနိုင်ပါ။ အဘယ်ကြောင့်ပြောင်းလဲရပါ မည်နည်း။ ကျွန်ုပ်တို့သည်စိတ်ရှိလက်ရှိခေါင်း မာဆိုးညစ်လျက်နေကြပါမည်'' ဟုဆို ကြလိမ့်မည်။
13. သို့ဖြစ်၍ငါထာဝရဘုရားက၊``ဣသရေလသမီးပျိုသည်ကြောက်မက်ဖွယ် ကောင်းသည့်အမှုကိုပြုကြလေကုန်ပြီ။အဘယ်အခါကများဤအမှုမျိုးဖြစ် ပျက်ခဲ့ဖူးသနည်းဟုလူမျိုးတကာတို့အားမေးမြန်းလော့။
14. လေဗနုန်ကျောက်တောင်ထိပ်တို့သည်မိုးပွင့် များနှင့် ကင်းသည့်အခါရှိဖူးသလော။ထိုတောင်မှစီးဆင်းလာသောအေးမြသည့်ချောင်းများသည်ခန်းခြောက်သည့်အခါများ ရှိဖူးသလော။
15. သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။လမ်းဟောင်းကိုမလိုက်ကြတော့ပေ။သူတို့သည်အမှတ်အသားပြမထားသည့်မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။
16. သူတို့သည်ဤပြည်အားလူသူကင်းမဲ့သော ပြည်၊ထာဝစဉ်စက်ဆုတ်ဖွယ်ကောင်းသောပြည် ဖြစ်စေကြလေပြီ။အနီးမှဖြတ်သန်းသွားလာသူလူအပေါင်း တို့သည် အံ့သြတွေဝေ၍သွားကြလျက်မိမိတို့ဦးခေါင်းကိုခါကြလိမ့်မည်။
17. ငါသည်မိမိတို့လူမျိုးတော်အားအရှေ့လေ တိုက်ခံရသည့်မြေမှုန့်များကဲ့သို့ရန်သူတို့ရှေ့တွင်ကွဲလွင့်၍သွားစေမည်။သူတို့အားငါကျောခိုင်း၍နေမည်။ငါသည်ဘေးအန္တရာယ်ဆိုးကျရောက်ချိန်၌သူတို့ဘက်လှည့်လိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
18. ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
19. ထို့ကြောင့်ယေရမိသည်``အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏လျှောက်ထားချက်ကိုကြား တော်မူ၍ ရန်သူတို့ကျွန်တော်မျိုးအားဆန့် ကျင်ပြောဆိုသည့်စကားများကိုနား ထောင်တော်မူပါ။-