သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။လမ်းဟောင်းကိုမလိုက်ကြတော့ပေ။သူတို့သည်အမှတ်အသားပြမထားသည့်မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။