17. ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
18. ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ငါ၏အဖို့အသုံးမဝင် ကြ။ သူတို့သည်သတ္တုအရည်ကျိုမီးဖိုတွင် ငွေကိုချွတ်ပြီးနောက်ကျန်ရစ်သည့်ကြေးဝါ၊ သံဖြူ၊ သံ၊ ခဲနှင့်တူ၏။-
19-20. သို့ဖြစ်၍သူတို့သည်ထိုသတ္တုရိုင်းများကဲ့သို့ ပင်အသုံးမဝင်သူများဖြစ်ကြောင်း ငါအရှင် ထာဝရဘုရားယခုမိန့်တော်မူခြင်းဖြစ်၏။ ငွေ၊ ကြေးဝါ၊ သံ၊ ခဲနှင့် သံဖြူပါဝင်သောသတ္တု ရိုင်းကိုဖိုထဲတွင်စု၍ထည့်သကဲ့သို့ ငါသည် သူတို့အားလုံးကိုယေရုရှလင်မြို့တွင်စုဝေး စေမည်။ မီးသည်သတ္တုရိုင်းကိုအရည်ပျော်စေ သကဲ့သို့ ငါ၏ဒေါသအမျက်သည်သူတို့ အားအရည်ပျော်စေလိမ့်မည်။-
21. ငါသည်အမှန်ပင်သူတို့အားယေရုရှလင် မြို့တွင်စုဝေးစေ၍သူတို့အောက်တွင်မီးထိုး လျက် ငါ၏အမျက်တော်သည်သူတို့အား အရည်ပျော်စေလိမ့်မည်။-
22. ငွေသည်ဖိုထဲတွင်အရည်ပျော်ရသည့်နည်းတူ သူတို့သည်ယေရုရှလင်မြို့တွင်အရည်ပျော် ကြလိမ့်မည်။ ထိုအခါမိမိတို့သည်ထာဝရ ဘုရား၏အမျက်တော်ဒဏ်ကိုခံလျက်ရှိနေ ရကြကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
23. တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
24. ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သည်အမျက်တော်ကျရောက်သောနေ့ ၌၊ မိုးရေမရ၊ မိုးမရွာဘဲနေလိမ့်မည်ဖြစ် ကြောင်း ထိုပြည်ကိုပြောကြားလော့။-
25. သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။-
26. ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
27. အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
28. ပရောဖက်တို့သည်အုတ်တံတိုင်းကိုထုံးဖြူ သုတ်သူများကဲ့သို့ ထိုအပြစ်များကိုဖုံး အုပ်ပေးကြ၏။ သူတို့သည်ဗျာဒိတ်ရူပါရုံ အတုများကိုမြင်လျက် မဟုတ်မမှန်သော ဗျာဒိတ်ကိုဆင့်ဆိုဟောပြောကြ၏။ သူတို့ ကမိမိတို့သည်အရှင်ထာဝရဘုရား ဗျာဒိတ်တော်ကိုဆင့်ဆိုကြသည်ဟုဆို သော်လည်း ယင်းဗျာဒိတ်တို့ကိုသူတို့အား ငါမပြောခဲ့။-
29. ထိုဒေသတွင်နေထိုင်သူတို့သည် အနိုင်အထက် လုယူ၍ လုယက်မှုတို့ကိုပြုကြ၏။ သူတို့သည် ဆင်းရဲချို့တဲ့သူတို့အားနှိပ်စက်၍ လူမျိုးခြား တို့အားမတရားသဖြင့်နိုင်ထက်စီးနင်းပြု ကြ၏။-