သို့ဖြစ်၍သူတို့သည်ထိုသတ္တုရိုင်းများကဲ့သို့ ပင်အသုံးမဝင်သူများဖြစ်ကြောင်း ငါအရှင် ထာဝရဘုရားယခုမိန့်တော်မူခြင်းဖြစ်၏။ ငွေ၊ ကြေးဝါ၊ သံ၊ ခဲနှင့် သံဖြူပါဝင်သောသတ္တု ရိုင်းကိုဖိုထဲတွင်စု၍ထည့်သကဲ့သို့ ငါသည် သူတို့အားလုံးကိုယေရုရှလင်မြို့တွင်စုဝေး စေမည်။ မီးသည်သတ္တုရိုင်းကိုအရည်ပျော်စေ သကဲ့သို့ ငါ၏ဒေါသအမျက်သည်သူတို့ အားအရည်ပျော်စေလိမ့်မည်။-