ယေ​ဇ​ကျေ​လ 22:17-25 Common Language Bible (BCL)

17. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-

18. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ငါ​၏​အ​ဖို့​အ​သုံး​မဝင် ကြ။ သူ​တို့​သည်​သတ္တု​အ​ရည်​ကျို​မီး​ဖို​တွင် ငွေ​ကို​ချွတ်​ပြီး​နောက်​ကျန်​ရစ်​သည့်​ကြေးဝါ၊ သံ​ဖြူ၊ သံ၊ ခဲ​နှင့်​တူ​၏။-

19-20. သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သတ္တု​ရိုင်း​များ​ကဲ့​သို့ ပင်​အ​သုံး​မ​ဝင်​သူ​များ​ဖြစ်​ကြောင်း ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ယ​ခု​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ ငွေ၊ ကြေး​ဝါ၊ သံ၊ ခဲ​နှင့် သံ​ဖြူ​ပါ​ဝင်​သော​သတ္တု ရိုင်း​ကို​ဖို​ထဲ​တွင်​စု​၍​ထည့်​သ​ကဲ့​သို့ ငါ​သည် သူ​တို့​အား​လုံး​ကို​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး စေ​မည်။ မီး​သည်​သတ္တု​ရိုင်း​ကို​အ​ရည်​ပျော်​စေ သ​ကဲ့​သို့ ငါ​၏​ဒေါ​သ​အ​မျက်​သည်​သူ​တို့ အား​အ​ရည်​ပျော်​စေ​လိမ့်​မည်။-

21. ငါ​သည်​အ​မှန်​ပင်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​တွင်​စု​ဝေး​စေ​၍​သူ​တို့​အောက်​တွင်​မီး​ထိုး လျက် ငါ​၏​အ​မျက်​တော်​သည်​သူ​တို့​အား အ​ရည်​ပျော်​စေ​လိမ့်​မည်။-

22. ငွေ​သည်​ဖို​ထဲ​တွင်​အ​ရည်​ပျော်​ရ​သည့်​နည်း​တူ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ရည်​ပျော် ကြ​လိမ့်​မည်။ ထို​အ​ခါ​မိ​မိ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​လျက်​ရှိ​နေ ရ​ကြ​ကြောင်း​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

23. တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-

24. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သည်​အ​မျက်​တော်​ကျ​ရောက်​သော​နေ့ ၌၊ မိုး​ရေ​မ​ရ၊ မိုး​မ​ရွာ​ဘဲ​နေ​လိမ့်​မည်​ဖြစ် ကြောင်း ထို​ပြည်​ကို​ပြော​ကြား​လော့။-

25. သူ​တို့​၏​ခေါင်း​ဆောင်​များ​ထဲ​တွင်​ပူး​ပေါင်း ကြံ​စည်​မှု​ရှိ​၏။ သူ​တို့​သည်​သား​ကောင်​များ ကို​ကိုက်​သတ်​ဆွဲ​ဖြတ်​ပြီး​နောက် ဟောက်​နေ သော​ခြင်္သေ့​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် လူ​များ​ကို​သတ်​၍​ရ​နိုင်​သ​မျှ​သော​ငွေ နှင့်​ဥစ္စာ​ပစ္စည်း​တို့​ကို​ယူ​ကြ​၏။ ယင်း​သို့​သတ် ဖြတ်​မှု​ဖြင့်​သူ​တို့​သည်​အ​မျိုး​သ​မီး​မြောက် မြား​စွာ​ကို​မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​စေ ကြ​၏။-

ယေ​ဇ​ကျေ​လ 22