ယေ​ဇ​ကျေ​လ 18:6-16 Common Language Bible (BCL)

6. သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-

7. သူ​သည်​လှည့်​စား​မှု​ကို​မ​ပြု။ သူ​တစ်​ပါး​၏ ဥစ္စာ​ကို​အ​နိုင်​အ​ထက်​မ​လု​မ​ယူ။ အ​ပေါင်​ခံ ပစ္စည်း​ကို​လည်း​ပြန်​၍​ပေး​၏။ ငတ်​မွတ်​နေ​သူ ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ် အ​စား​များ​ကို​ပေး​၏။-

8. သူ​သည်​အ​တိုး​အမြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​ချင်း​များ​မှု တို့​တွင်​ဖြောင့်​မှန်​သော​အ​ဆုံး​အ​ဖြတ်​ကို ပေး​၏။-

9. သူ​သည်​ငါ​၏​အ​မိန့်​များ​ကို​လိုက်​နာ​၍ ငါ​၏ ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ​စောင့်​ထိန်း​၏။ ထို​သူ​သည်​သူ​တော်​ကောင်း​ဖြစ်​သ​ဖြင့် အ​သက် ရှင်​လိမ့်​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

12. သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​လိမ်​လည် လှည့်​စား​၏။ သူ​တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင် အ​ထက်​လု​ယူ​၏။ အ​ပေါင်​ခံ​ပစ္စည်း​ကို​လည်း ပြန်​၍​မ​ပေး။ ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​ကို​ပြု​၏။-

13. သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။

14. ``ယ​ခု​ထို​သူ​၌​သား​တစ်​ယောက်​ရှိ​သည်​ဆို အံ့။ ထို​သား​သည်​မိ​မိ​ဖ​ခင်​ပြု​ကျင့်​ခဲ့​သည့် ဒု​စ​ရိုက်​တို့​ကို​မြင်​သော်​လည်း​ဖ​ခင်​ကို အ​တု​မ​ခိုး။-

15. သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ​ကိုး ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​လည်း​မ​စား။ သူ​တစ်​ပါး​အိမ် ရာ​ပြစ်​မှား​ခြင်း၊-

16. သူ​တစ်​ပါး​တို့​အား​နှိပ်​စက်​ညှင်း​ဆဲ​မှု​နှင့် သူ တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ​မှု​တို့ ကို​လည်း​မ​ပြု။ သူ​သည်​အ​ပေါင်​ခံ​ပစ္စည်း​များ ကို​လက်​မ​ခံ။ ငတ်​မွတ်​နေ​သူ​ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ်​အ​စား​များ​ကို ပေး​၏။-

ယေ​ဇ​ကျေ​လ 18