ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်းဤပြည်တွင်ရှိသမျှသောသစ်ပင်တို့သည် သိရကြလိမ့်မည်။ငါသည်သစ်ပင်မြင့်များကိုခုတ်လှဲ၍ သစ်ပင်ငယ်တို့ကိုမြင့်မားလာစေ၏။စိမ်းလန်းသောအပင်တို့ကိုညှိုးနွမ်းခြောက်သွေ့စေ၍ သွေ့ခြောက်သောအပင်တို့ကိုစိမ်းလန်းလာ စေ၏။ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါသည်မိမိ၏စကားအတိုင်း ပြုမည်'' ဟူ၍တည်း။