ယေ​ဇ​ကျေ​လ 18:20-24 Common Language Bible (BCL)

20. သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။

21. ``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။-

22. သူ​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သည့်​အ​တွက် မိ​မိ​၏​အ​ပြစ်​အ​ပေါင်း​မှ​ပြေ​လွှတ်​၍ အ​သက်​ရှင်​ရ​လိမ့်​မည်။-

23. ငါ​သည်​ဆိုး​ညစ်​သူ​သေ​သည်​ကို​မြင်​သော အ​ခါ နှစ်​ခြိုက်​အား​ရ​ခြင်း​ဖြစ်​သည်​ဟု​သင် တို့​ထင်​မှတ်​ကြ​သ​လော​ဟု အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မေး​တော်​မူ​၏။ ကိုယ်​တော်​က​ထို​သူ နောင်​တ​ရ​၍​အ​သက်​ရှင်​ရ​သည်​ကို​သာ လျှင်​ငါ​မြင်​လို​၏။

24. ``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။

ယေ​ဇ​ကျေ​လ 18