2. ကိုယ်တော်က``မိဘတို့စပျစ်ချဉ်သီးကိုသုံးဆောင်ခြင်း ကြောင့်၊ သားသမီးများသွားကျိန်းရကြ၏''ဟူသောစကားပုံကိုဣသရေလအမျိုး သားတို့ ထပ်ကာထပ်ကာပြောဆိုနေကြရာ ၌အဘယ်သို့ဆိုလိုသနည်း။''
3. ``ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်သည်နှင့်အညီ ဣသရေလနိုင်ငံတွင် ဤစကားပုံကိုနောက်တစ်ဖန်သုံးစွဲရ တော့မည်မဟုတ်။-
4. အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။
5. ``အကယ်၍ကောင်းမြတ်ဖြောင့်မတ်၍ရိုးသား သူရှိအံ့။-
6. သူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။-
7. သူသည်လှည့်စားမှုကိုမပြု။ သူတစ်ပါး၏ ဥစ္စာကိုအနိုင်အထက်မလုမယူ။ အပေါင်ခံ ပစ္စည်းကိုလည်းပြန်၍ပေး၏။ ငတ်မွတ်နေသူ ကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ် အစားများကိုပေး၏။-
8. သူသည်အတိုးအမြတ်ရရန်ငွေကိုမချေး။ ဆိုးညစ်မှုကိုရှောင်ရှား၍အချင်းများမှု တို့တွင်ဖြောင့်မှန်သောအဆုံးအဖြတ်ကို ပေး၏။-
9. သူသည်ငါ၏အမိန့်များကိုလိုက်နာ၍ ငါ၏ ပညတ်တော်တို့ကိုသေချာစွာစောင့်ထိန်း၏။ ထိုသူသည်သူတော်ကောင်းဖြစ်သဖြင့် အသက် ရှင်လိမ့်မည်ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
10-11. ``ထိုသူ၌အနိုင်အထက်လုယက်သတ်ဖြတ် တတ်၍ ဖခင်မပြုခဲ့ဘူးသည့်အမှုတို့ကို ပြုကျင့်သူသားတစ်ယောက်ရှိသည်ဆိုအံ့။ ထိုသားသည်တောင်ပေါ်ရှိကိုးကွယ်ရာဌာန များတွင်ယဇ်ပူဇော်သည့်အသားကိုစား၏။ သူတစ်ပါးအိမ်ရာကိုပြစ်မှား၏။-
12. သူသည်ဆင်းရဲချို့တဲ့သူတို့အားလိမ်လည် လှည့်စား၏။ သူတစ်ပါး၏ဥစ္စာကိုအနိုင် အထက်လုယူ၏။ အပေါင်ခံပစ္စည်းကိုလည်း ပြန်၍မပေး။ ရုပ်တုတို့ကိုကိုးကွယ်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြု၏။-
13. သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။
14. ``ယခုထိုသူ၌သားတစ်ယောက်ရှိသည်ဆို အံ့။ ထိုသားသည်မိမိဖခင်ပြုကျင့်ခဲ့သည့် ဒုစရိုက်တို့ကိုမြင်သော်လည်းဖခင်ကို အတုမခိုး။-
15. သူသည်ဣသရေလအမျိုးသားတို့၏ ရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိကိုး ကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုလည်းမစား။ သူတစ်ပါးအိမ် ရာပြစ်မှားခြင်း၊-
16. သူတစ်ပါးတို့အားနှိပ်စက်ညှင်းဆဲမှုနှင့် သူ တစ်ပါး၏ဥစ္စာကိုအနိုင်အထက်လုယူမှုတို့ ကိုလည်းမပြု။ သူသည်အပေါင်ခံပစ္စည်းများ ကိုလက်မခံ။ ငတ်မွတ်နေသူကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ်အစားများကို ပေး၏။-
17. သူသည်ဆိုးညစ်မှုကိုရှောင်ရှား၍အတိုး အမြတ်ရရန်ငွေကိုမချေး။ ငါ၏ပညတ် တော်များကိုစောင့်ထိန်း၍ငါ၏အမိန့်တော် တို့ကိုလိုက်နာ၏။ ထိုသူသည်ဖခင်၏အပြစ် ကြောင့်သေရမည်မဟုတ်။ သူသည်မုချ အသက်ရှင်လိမ့်မည်။-
18. သူ၏ဖခင်မူကားလိမ်လည်လှည့်စား၍သူ တစ်ပါးတို့၏ဥစ္စာကိုအနိုင်အထက်လုယူ လျက် အစဉ်ပင်လူအပေါင်းအားဆိုးညစ်စွာ ပြုကျင့်သဖြင့်မိမိ၏အပြစ်များကြောင့် သေရ၏။
19. ``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။-
20. သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
21. ``ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍ ငါ၏ပညတ်တော်တို့ကိုစောင့်ထိန်း၏။ မှန် ရာကောင်းရာကိုလည်းပြုကျင့်၏။ ထိုသူ သည်သေရမည်မဟုတ်။ မုချပင်အသက် ရှင်ရလိမ့်မည်။-