ယော​ရှု 8:28-35 Common Language Bible (BCL)

28. ယော​ရှု​သည်​အာ​ဣ​မြို့​ကို​မီး​ရှို့​ဖျက်​ဆီး လိုက်​သ​ဖြင့် ယ​နေ့​တိုင်​မြို့​ပျက်​အ​ဖြစ် ကျန်​ရစ်​လေ​သည်။-

29. အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။

30. ထို​နောက်​ယော​ရှု​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို တည်​လေ​၏။-

31. ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ် တ​ရား​တွင်``သံ​လက်​နက်​ကိ​ရိ​ယာ​ဖြင့်​မ​ဆစ် သော​ကျောက်​များ​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်'' ဟူ​၍​ညွှန်​ကြား​သည့်​အ​တိုင်း​ထို​ယဇ်​ပလ္လင်​ကို တည်​လေ​သည်။ သူ​တို့​သည်​မီး​ရှို့​သော​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ယဇ်​ပလ္လင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။-

32. ယော​ရှု​သည်​ကျောက်​များ​ပေါ်​တွင်​မော​ရှေ​ရေး ခဲ့​သော ပ​ညတ်​တ​ရား​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​မျက်​မှောက်​၌​ကူး​ရေး​လေ​သည်။-

33. ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-

34. ထို့​နောက်​ယော​ရှု​သည်​ပ​ညတ်​တ​ရား​ကျမ်း စာ​အုပ်​တွင်​ရေး​သား​ဖော်​ပြ​သည့်​ကောင်း​ချီး မင်္ဂ​လာ​နှင့် ကျိန်​စာ​များ​အ​ပါ​အ​ဝင်​တရား အ​လုံး​စုံ​တို့​ကို​အ​သံ​ကျယ်​စွာ​ဖြင့်​ဖတ် ရှု​လေ​၏။-

35. ယော​ရှု​သည်​အ​မျိုး​သ​မီး​နှင့်​က​လေး​များ၊ သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား များ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အမျိုး​သား အ​ပေါင်း​တို့​ရှေ့​၌​မော​ရှေ​ပေး​သော​ပညတ် ရှိ​သ​မျှ​ကို​ဖတ်​ရွတ်​လေ​သည်။

ယော​ရှု 8