ခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။-