နေ​ဟ​မိ 9:34-38 Common Language Bible (BCL)

34. အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ၊ ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်ယဇ်​ပု​ရော​ဟိတ်​များ​သည်​ကိုယ်​တော်​၏ ပ​ညတ်​တ​ရား​တော်​ကို​မ​စောင့်​ထိန်း​ခဲ့​ကြ​ပါ။သူ​တို့​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​များ၊သ​တိ​ပေး​တော်​မူ​ချက်​များ​ကို နား​မ​ထောင်​ကြ​ပါ။

35. အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ​သည်ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​ကျယ်​ပြန့် စို​ပြေ​သည့် ပြည်​တော်​တွင်​နေ​ထိုင်​ရ​စဉ်​အ​ခါ​၌ကိုယ်​တော်​၏​ကောင်း​ချီး​ခံ​စား​ရ​သည်​နှင့်​အညီကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အုပ်​စိုး​ကြ​ရ​ပါ​၏။သို့​ရာ​တွင်​သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကိုမ​ကြဉ်​မ​ရှောင်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​လည်း မ​ဆောင်​ရွက်​ကြ။

36. ယ​ခု​အ​ခါ​၌​အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပေး​တော်​မူ​သောအ​ကျွန်ုပ်​တို့​စား​သုံး​ရန်​အ​သီး​အ​နှံ ပေါ​များ​သော​ပြည်​၌​ကျွန်​ဖြစ်​ရ​ကြ​ပါ​၏။

37. အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​များ​ကူး​လွန်​သော​ကြောင့် ဤ​ပြည်​မှ​ရ​သော​ကောက်​ပဲ​သီး​နှံ​များ​ကိုအ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အုပ်​စိုး​စေ​သည့် မင်း​တို့​က​ခံ​စား​ရကြ​ပါ​၏။ထို​မင်း​တို့​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ကျွဲ​နွား​များ​ကို​မိ​မိ​တို့​ထင်​သ​လို​ခိုင်း​စေ ကြ​ပါ​၏။သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​သည်​လွန်​စွာ ဆင်း​ရဲ​ရ​ကြ​ပါ​၏။''

38. ဤ​သို့​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​ပေါင်း​ကြောင့် ငါ​တို့​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​က​တိ​ဝန်​ခံ ချက်​ကို​စာ​ဖြင့်​ရေး​၍ ငါ​တို့​၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ က​တံ​ဆိပ်​ခတ်​ကြ​၏။

နေ​ဟ​မိ 9