အကျွန်ုပ်တို့၏ဘိုးဘေးများ၊ ဘုရင်များ၊ ခေါင်းဆောင်များနှင့်ယဇ်ပုရောဟိတ်များသည်ကိုယ်တော်၏ ပညတ်တရားတော်ကိုမစောင့်ထိန်းခဲ့ကြပါ။သူတို့သည်ကိုယ်တော်၏အမိန့်တော်များ၊သတိပေးတော်မူချက်များကို နားမထောင်ကြပါ။