နေ​ဟ​မိ 9:21-28 Common Language Bible (BCL)

21. အ​နှစ်​လေး​ဆယ်​ပတ်​လုံး​သဲ​ကန္တာ​ရ​တွင်ကိုယ်​တော်​သည်​သူ​တို့​လို​သ​မျှ​သော အ​စား​အ​စာ​ကို​ပေး​တော်​မူ​ပါ​၏။သူ​တို့​အ​ဝတ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​ဟောင်း​မ​နွမ်း​ရ​ပါ။သူ​တို့​၏​ခြေ​သည်​မ​ပွန်း​မ​ရောင်​ရ​ပါ။

22. ``ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​တို့​နယ် စပ်​တွင် ရှိ​သော​နိုင်​ငံ​များ​နှင့်၊လူ​မျိုး​များ​ကို​နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။သူ​တို့​သည်​ရှိ​ဟုန်​မင်း​အ​စိုး​ရ​သည့် ဟေ​ရှ​ဘုန်​ပြည်​ကို​လည်း​ကောင်းသြ​ဃ​မင်း​အ​စိုး​ရ​သည့်​ဗာ​ရှန်​ပြည်​ကို လည်း​ကောင်း သိမ်း​ပိုက်​ကြ​ပါ​၏။

23. ကိုယ်​တော်​သည်​သူ​တို့​အားကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား​သည့် သား​သ​မီး​များ​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ထို​နောက်​သူ​တို့​ဘိုး​ဘေး​များ​အားကိုယ်​တော်​က​တိ​ထား​တော်​မူ​သော​ပြည်​တော်​ကိုသိမ်း​ပိုက်​စေ​ကာ​ထို​ပြည်​တွင်​နေ​ထိုင်​စေ​တော် မူ​ပါ​၏။

24. သူ​တို့​သည်​ခါ​နာန်​ပြည်​ကို​သိမ်း​ယူ​ကြ ရ​ပါ​၏။ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ကိုယ်​တော် နှိမ်​နင်း​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ခါ​နာန်​ပြည်​ဘု​ရင်​များ​နှင့်ပြည်​သူ​တို့​ကို​ပြု​ချင်​သ​လို​ပြု​နိုင်​သော တန်​ခိုး​ပေး​တော်​မူ​ပါ​၏။

25. ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီးရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။

26. ``သို့​ရာ​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်ပုန်​ကန်​ကာ​ကိုယ်​တော်​၏​စ​ကား​ကို နား​မ​ထောင်​ကြ​ပါ။သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တ​ရား​တော်​ကို ပစ်​ပယ်​ကြ​ပါ​၏။မိ​မိ​တို့​အား​သ​တိ​ပေး​သူ၊ မိ​မိ​တို့​အား ကိုယ်​တော်​ထံ​ပြန်​လာ​ရန်ပြော​ကြား​သူ​ပ​ရော​ဖက်​များ​အား သတ်​ဖြတ်​ကြ​ပါ​၏။သူ​တို့​သည်​ကိုယ်​တော်​အား​အ​ကြိမ်​ကြိမ် စော်​ကား​ကြ​ပါ​၏။

27. သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အားသူ​တို့​ကို​နှိမ်​နင်း​အုပ်​စိုး​ခွင့်​ပေး​တော်​မူ ပါ​၏။သူ​တို့​သည်​ဒုက္ခ​ရောက်​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ​ဟု အ​ထံ​တော်​သို့​အော်​ဟစ်​ကြ​ပါ​၏။ထို​အ​ခါ​ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ ကြား​တော်​မူ​၍က​ရု​ဏာ​တော်​ကြီး​မား​သည်​နှင့်​အ​ညီသူ​တို့​အား​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​ရန် ခေါင်း​ဆောင်​များ​ကို​စေ​လွှတ်​တော်​မူ​ပါ​၏။

28. ငြိမ်း​ချမ်း​မှု​ပြန်​လည်​ရ​ရှိ​ကြ​သော​အ​ခါသူ​တို့​သည်​တစ်​ဖန်​အ​ပြစ်​ကူး​လွန်​ကြ​ပြန်​သ​ဖြင့်ကိုယ်​တော်​သည်​သူ​တို့​အား​ရန်​သူ​များ​၏​လက်​သို့ တစ်​ဖန်​အပ်​တော်​မူ​ပါ​၏။သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​ရ​လျက်မိ​မိ​တို့​အား​ကယ်​တော်​မူ​ရန်​အ​ထံ​တော်​သို့ တောင်း​လျှောက်​ကြ​သော​အ​ခါကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​ပါ​၏။က​ရု​ဏာ​တော်​ကြီး​မား​တော်​မူ​သည့်​အ​လျောက်သူ​တို့​အား​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ကယ်​ဆယ်​တော်​မူ​ပါ​၏။

နေ​ဟ​မိ 9