ကိုယ်တော်၏လူမျိုးတော်သည်ခံတပ်မြို့များ၊ မြေသြဇာကောင်းသည့်ပြည်၊ဘဏ္ဍာအမျိုးမျိုးနှင့်ပြည့်ဝသည့်အိမ်များ အဆင်သင့်တူးထားပြီးရေတွင်းများသံလွင်ပင်များသစ်သီးပင်များနှင့် စပျစ်ဥယျာဉ်များကိုသိမ်းယူကြရပါ၏။သူတို့သည်စိတ်ရှိသမျှစားသောက်ကာ ဝဖြိုးလာကြပါ၏။ကိုယ်တော်ပေးတော်မူသောကောင်းမြတ်သည့် အရာတို့ကိုခံစားကြရပါ၏။