နေ​ဟ​မိ 9:1-2-6 Common Language Bible (BCL)

1-2. ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ အ​တွက်​ဝမ်း​နည်း​သည့်​အ​ထိမ်း​အ​မှတ်​ဖြင့် အ​စာ​ရှောင်​ရန်​စု​ရုံး​ကြ​၏။ ထို​သူ​တို့​သည် လူ​မျိုး​ခြား​များ​နှင့်​ကွာ​ပြီး​ဖြစ်​သည်။ သူ တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ ဏာ​ဖြင့် လျှော်​တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​မြေ မှုန့်​ဖြင့်​ဖြူး​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ ကို​ဖော်​ပြ​ဝန်​ခံ​ကြ​လေ​သည်။-

3. သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​စာ​တော်​ဖတ်​ရွတ်​သည် ကို သုံး​နာ​ရီ​ခန့်​နား​ထောင်​ကြ​ပြီး​လျှင်​နောက် ထပ်​သုံး​နာ​ရီ​မျှ မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ကာ မိ​မိ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ သည်။

4. လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​ဆောက်​လုပ်​ထား သော​စင်​မြင့်​ပေါ်​တွင်​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗုန္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ​နှင့်​ခေ​န​နိ​တို့​သည် ရပ်​လျက် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။

5. လေ​ဝိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော​ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော ဒိ​ယ၊ ရှေ​ဗ​နိ​နှင့်​ပေ​သ​ဟိ​တို့​က၊``ထ​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လေ​၏။ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လေ​၏။ဘု​ရား​သ​ခင်​သည်​လူ​တို့​ချီး​မွမ်း​နိုင်​သည်​ထက် ပို​၍​ကြီး​မြတ်​တော်​မူ​သော်​လည်းငါ​တို့​အ​ပေါင်း​သည်​ဘုန်း​ကြီး​သော​နာ​မ တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ကုန်​အံ့'' ဟုဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​စ​တင်​ရန်​လူ​တို့​အား ခေါ်​ဖိတ်​ကြ​လေ​သည်။

6. ထို​နောက်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ဤ​ပတ္ထ​နာ​ကို ဆု​တောင်း​ကြ​၏။``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် ကြယ်​နက္ခတ်​များ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။မြေ​ကြီး​နှင့်​ပင်​လယ်​ကို​လည်း​ကောင်းမြေ​ကြီး​ပေါ်​နှင့်​ပင်​လယ်​တွင်​ရှိ​သော​အ​ရာ​များ ကို​လည်း​ကောင်း​ဖန်​ဆင်း​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ​၏။မိုး​ကောင်း​ကင်​ကြယ်​နက္ခတ်​တို့​သည် ကိုယ်​တော်​အား​ဦး​ညွှတ်​ရှိ​ခိုး​ကြ​ပါ​၏။

နေ​ဟ​မိ 9