လေဝိအမျိုးသားများဖြစ်ကြသောယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟော ဒိယ၊ ရှေဗနိနှင့်ပေသဟိတို့က၊``ထ၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအား ထောမနာပြုကြလေ၏။ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလေ၏။ဘုရားသခင်သည်လူတို့ချီးမွမ်းနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူသော်လည်းငါတို့အပေါင်းသည်ဘုန်းကြီးသောနာမ တော်ကို ချီးမွမ်းထောမနာပြုကြကုန်အံ့'' ဟုဝတ်ပြုကိုးကွယ်မှုကိုစတင်ရန်လူတို့အား ခေါ်ဖိတ်ကြလေသည်။