1-2. ထိုလနှစ်ဆယ့်လေးရက်နေ့၌ဣသရေလ အမျိုးသားတို့သည် မိမိတို့အပြစ်များ အတွက်ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် အစာရှောင်ရန်စုရုံးကြ၏။ ထိုသူတို့သည် လူမျိုးခြားများနှင့်ကွာပြီးဖြစ်သည်။ သူ တို့သည်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခ ဏာဖြင့် လျှော်တေကိုဝတ်၍ဦးခေါင်းကိုမြေ မှုန့်ဖြင့်ဖြူးကြ၏။ ထိုနောက်သူတို့သည်မိမိ တို့အပြစ်များနှင့်ဘိုးဘေးတို့၏အပြစ်များ ကိုဖော်ပြဝန်ခံကြလေသည်။-
3. သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်ကျမ်းစာတော်ဖတ်ရွတ်သည် ကို သုံးနာရီခန့်နားထောင်ကြပြီးလျှင်နောက် ထပ်သုံးနာရီမျှ မိမိတို့အပြစ်များကို ဖော်ပြဝန်ခံကာ မိမိတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုရှိခိုးကြလေ သည်။
4. လေဝိအနွယ်ဝင်တို့အတွက်ဆောက်လုပ်ထား သောစင်မြင့်ပေါ်တွင်ယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိနှင့်ခေနနိတို့သည် ရပ်လျက် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့အသံကျယ်စွာဆုတောင်းပတ္ထနာ ပြုကြ၏။
5. လေဝိအမျိုးသားများဖြစ်ကြသောယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟော ဒိယ၊ ရှေဗနိနှင့်ပေသဟိတို့က၊``ထ၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအား ထောမနာပြုကြလေ၏။ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလေ၏။ဘုရားသခင်သည်လူတို့ချီးမွမ်းနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူသော်လည်းငါတို့အပေါင်းသည်ဘုန်းကြီးသောနာမ တော်ကို ချီးမွမ်းထောမနာပြုကြကုန်အံ့'' ဟုဝတ်ပြုကိုးကွယ်မှုကိုစတင်ရန်လူတို့အား ခေါ်ဖိတ်ကြလေသည်။
6. ထိုနောက်ဣသရေလအမျိုးသားတို့ကဤပတ္ထနာကို ဆုတောင်းကြ၏။``အို ထာဝရဘုရားကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူပါ၏။ကိုယ်တော်သည်မိုးကောင်းကင်နှင့်ကောင်းကင် ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပါ၏။မြေကြီးနှင့်ပင်လယ်ကိုလည်းကောင်းမြေကြီးပေါ်နှင့်ပင်လယ်တွင်ရှိသောအရာများ ကိုလည်းကောင်းဖန်ဆင်းတော်မူပါ၏။ကိုယ်တော်သည်အရာခပ်သိမ်းကို အသက်ရှင်စေတော်မူပါ၏။မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် ကိုယ်တော်အားဦးညွှတ်ရှိခိုးကြပါ၏။
7. အို ဘုရားသခင်ထာဝရဘုရားကိုယ်တော်သည်အာဗြံကိုရွေးကောက်တော် မူ၍ဗာဗုလုန်ပြည်ဥရမြို့မှထုတ်ဆောင်တော်မူကာသူ၏နာမည်ကိုအာဗြဟံဟုပြောင်းလဲ ပေးတော်မူပါ၏။
8. ကိုယ်တော်အားသစ္စာရှိသူဖြစ်ကြောင်း တွေ့မြင်တော်မူသဖြင့်ကိုယ်တော်သည်သူနှင့်ပဋိညာဉ်ပြုတော်မူပါ၏။သူ၏သားမြေးများနေထိုင်ရန်အတွက်သူ့အားခါနာန်ပြည်၊ဟိတ္ထိပြည်၊အာမောရိပြည်၊ဖေရဇိပြည်၊ယေဗုသိပြည်နှင့်ဂိရဂါရှိပြည်ကိုပေးတော်မူမည်ဟုကတိပြုတော် မူပါ၏။သစ္စာတော်ရှင်ဖြစ်သည်နှင့်အညီကိုယ်တော်သည် ကတိတော်တို့ကိုတည်စေတော်မူပါ၏။
9. ``အကျွန်ုပ်တို့ဘိုးဘေးများသည်အီဂျစ် ပြည်တွင်ဆင်းရဲဒုက္ခရောက်ကြရသည်ကိုကိုယ်တော် မြင်တော်မူပါ၏။ပင်လယ်နီတွင်ထိုသူတို့အော်ဟစ်၍အကူအညီ တောင်းခံသံကိုကြားတော်မူပါ၏။
10. ဖာရောဘုရင်၏မှူးမတ်များနှင့် တိုင်းသူပြည်သားများသည်ကိုယ်တော်၏လူမျိုးတော်ကို ညှဉ်းပန်းနှိပ်စက်ကြသဖြင့်သူတို့အားကိုယ်တော်သည်အံ့သြဖွယ်ရာနိမိတ် လက္ခဏာများကိုပြ၍၊ဒဏ်ခတ်တော်မူသဖြင့်ဂုဏ်သတင်းတော်သည်ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။